March 22, 2013

THL n7300 ကို root လုပ်ပြီး မြန်မာဖောင့်ထည့်သွင်းနည်းလေးပါ


အောက်ပါ ROOT လုပ်ရာတွင် လိုအပ်သော အရာများကို ဒေါင်းထားပါ။
အခု အားလုံးဒေါင်းထားပြီးရင် ဖုန်းကို မြန်မာဖောင့်ထည့် ပါမယ်။ အရင်ဆုံး မိမိဖုန်းထဲမှာ setting ထဲကိုဝင်ပြီး Developer Options ထဲကိုဝင်ပြီး USB debugging ကို အမှတ်ခြစ်လေးပေးထားပေးပါ။
 
 အဲ့ဒါတွေ ပြီးသွားပြီ ဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ ကို ချိတ်ဆက်ပေးပါ။
 
 ပြီးရင် ပထမဆုံးဒေါင်းထားတဲ့ Root with Restore by Bina4ry v13.rar ကိုကွန်ပျူတာထဲမှာ ဖြည်ချပြီးအထဲမှာ ပါတဲ့ Run Me ဆိုတာလေးကို run လိုက်ပါ. run လိုက်ပြီးရင် 1.normal ဆိုတာလေးကို ရွေးပြီး enter ခေါက်လိုက်ပါ သူ့အလိုလို လုပ်ဆောင်သွားပါလိမ့်မယ်။ 
 
ပြီးလျှင်ဖုန်းထဲမှာ Do not restore နဲ့ Restore my data ဆိုတာလေးပေါ်လာလျှင် Restore my data ကိုရွေးပေးပြီး စက်restart ဖြစ်သွာတဲ့အထိစောင့်ပေးပါ။ အားလုံးပြီးအောင်စောင့်ပြီးရင်တော့ မိမိဖုန်းဟာ Root လုပ်ပြီးသွားပါပြီ။ 
 
အဲ့ဒါပြီးရင် မြန်မာဖောင့်သွင်းတဲ့အဆင့် ကိုသွားပါမယ်။ Forzen keyboard နဲ့ fonts changer ကို ဒေါင်းထားပြီးရင် အဲ့နှစ်ခုလုံးကို ဖုန်းထဲ install လုပ်လိုက်ပါ။ 
 
ကွန်ပျူတာ နဲ့ လုပ်ချင်လဲလုပ်ပါ မဟုတ်လဲ ဖုန်း sd card ထဲထည့်ပြီး install လုပ်လိုက်ပါ။ အ၇င်ဆုံး frozen keyboard ထည့်ပြီးရင် setting ထဲက Language ထဲမှာ Frozen keyboard ဆိုတာလေးပေါ်နေပါလိမ့်မယ်။ 
 
အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးလျှင် Defauld keyboard ဆိုတဲ့နေရာမှာ Frozen keyboard ကိုလဲရွေးပေးထားပါ။ ဒါဆို keyboard ထည့်သွင်းတဲ့အပိုင်းပြီးသွားပါပြီ။ 
 
အခု နောက်ဆုံး အဆင့်ဖြစ်တဲ့ System တစ်ခုလုံးကို မြန်မာဖောင့်ထည့်သွင်းမှာဖြစ်ပါတယ်။ ခုနကဒေါင်းထားတဲ့ Fonts changer ကို install လုပ်ပြီးရင် fonts changer application ကိုဖုန်းထဲကနေ၀င်လိုက်ပါ။ 
 
အဲ့အခါ Super User Request တောင်းလာပါလိမ့်မယ် အဲ့အခါ Grant ကိုေ၇ွးပေးလိုက်ပါ။ ပြီးရင် zawgyi fonts ဖြစ်တဲ့ အပေါ်တစ်ခုကိုရွေးပေးပြီး ဖုန်း restart ဖြစ်အောင်စောင့်လိုက်ပါ။ 
 
ဖုန်း restart ဖြစ်သွားတာနဲ့ အကုန်လုံးပြီးဆုံးသွားပါပြီ။ အဆင်ပြေပါစေဗျာ။
Video ပါကြည့်လိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်။

No comments:

Post a Comment