March 11, 2013

Samsung Galaxy S4 အား တရုတ်နည်းပညာဖိုရမ်မှထုတ်ဖော်ပြသလိုက်ပြီ


မကြာသေးခင်နာရီပိုင်းလေးမှာပဲ တရုတ်နည်းပညာဖိုရမ်တစ်ခုက Samsung Galaxy S4 ကို Leaked အနေနဲ့ပြသသွားပါတယ်။ မတ်လ (၁၄) ရက်နေ့တရားဝင်မထွက်ရှိမီ Samsung စက်ရုံတည်ရှိရာ မြို့တစ်ခုကနေ မကြာမီနာရီပိုင်းက ဒီသတင်းတက်လာတာဖြစ်ပါတယ်။ ပုံစံက Galaxy S3 နဲ့ဒီဇိုင်းမကွာပေမဲ့ Screen အရွယ်အစားက ငါးလက်မအထိရှိလာပါတယ်။ Screen ဘေးဘောင်ကပိုသေးသွားပါတယ်။ ဒါ့အပြင် အခုအသစ်ထွက်လာမယ့် Samsung Galaxy S4 ရဲ့မော်ဒယ် number ကို GT-I9502 လို့တောင်သတ်မှတ်ခေါ်ဆိုထားပါပြီ။ ထုတ်ဖော်ပြသလိုက်တဲ့ Samsung Galaxy S4 မှာ Android version 4.2.1 ကိုအသုံးပြုထားပြီး 1.8 Ghz ရှိတဲ့ processor 2GB Ram နဲ့ Graphic engine အသစ်ဖြစ်တဲ့ SnapDragon a PoverVR SGX 544MP GPU ကိုပါအသုံးပြုထားတယ်လို့သိရပါတယ်။ အောက်ပုံမှာပြသထားတာကတော့ရှေ့ဘက်မျက်နှာပြင်နဲ့ကျောဘက်ဒီဇိုင်းပါ။


အောက်ပုံကတော့ဘေးဘက်ဒီဇိုင်းပါ။ ဘေး frame ကတော့ သိသိသာသာပြောင်းသွားပါတယ်။

အခု သတင်းကတော့ အမှန်ကန်ဆုံးဖြစ်မယ်လို့ ယူဆလို့ရပါတယ်။ Samsung Galaxy S4 မှာ Wireless Charging စနစ်လည်းပါဝင်ပါတယ်။ မတ်လ ၁၄ ရက်နေ့မှာ Samsung ကတရားဝင်ထုတ်ဖော်ပြသတော့မှာဖြစ်ပါတယ်။ အဲဒီအတွက်ထပ်ပြီးစောင့်ကြည့်လိုက်ကြ၇အောင်။
Ref: The Verge, Win Htut Aung

No comments:

Post a Comment