March 05, 2013

အံ့ဖွယ် အစွမ်းများနဲ့ Google glass ကို Website နှင့်တကွ တရားဝင်မိတ်ဆက်ပြီ


                       လွန်ခဲ့တဲ့ လပိုင်းလောက်ထိအောင် ဒီဇိုင်နာများ၊ အိုင်တီဆိုင်ရာ ခန့်မှန်းအဖြေရှာသူများ အားလုံး မှန်းဆခဲ့ကြသည့် Google Glass project ကို အခုတော့ တရားဝင် Google website မှာ စတင်မိတ်ဆက်ဖေါ်ပြလိုက်ပါပြီ။ Google Glass ရဲ့ တကယ်တမ်းထွက်ရှိလာတဲ့ပုံကတော့ အထက်တွင်ပြထားသည့်အတိုင်း Video camera နှင့် laser projector အသေးစားလေးများကို မျက်မှန်၏ ညာဘက်ပိုင်းတွင် ပေါ့ပါး ကျစ်လစ်စွာ တပ်ဆင်ပေးထားပြီး၊ ညာဘက် နားနောက်ဘက်မှ မျက်မှန်ကိုင်း ထိပ်တွင် ဘက်ထရီ၊ CPU chips များ၊ network card များကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာ၏နောက်ဘက် တည့်တည့်တွင် photo နှင့် video များကို သိုလှောင်ထားပေးနိုင်မည့် flash memory စနစ် ပါဝင်နေနိုင်ပါတယ်။ ကင်မရာ၏ နောက်ဘက် အတွင်းဘက်တွင်တော့ အသံဖြင့် အမိန့်ပေးစေခိုင်းနိုင်မည့် microphone စနစ်တပ်ဆင်ထားပါတယ်။ မျက်မှန်ကိုင်းမှာ ကွေးနိုင်ဆန့်နိုင်အောင် ပြောင်းသော ပလက်စတစ် (သို့) material အမျိုးအစားတစ်ခုဖြင့် ပြုလုပ်ပေးထားပြီး၊ အနီ၊ အနက်၊ အပြာ၊ ခဲ စသည့် အေ၇ာင်များနှင့် ထုပ်လုပ်ထားပါတယ်။

                   Google Glass ရဲ့ အစွမ်းထက်တဲ့ လုပ်ဆောင်ချက်များကတော့ တကယ်ကိုများပြားပြီး၊ ခန့်မှန်းချက်များအတိုင် လက်တွေ့လုပ်ဆောင်နိုင်ပါတယ်။ မျက်မှန်ကို တပ်ဆင်ခါ power ဖွင့်ပြီး standby အနေအထား ဖြစ်တာနဲ့ တပ်ဆင်ထား သူကြည့်နေသည့် မြင်ကွင်းတွင် transparent screen ပေါ်မှာ နာရီစပေါ်နေပါမယ်။ တပ်ဆင်ထားသူ၏ မြင်ကွင်းရှိ ပုံရိပ်ကို ဓါတ်ပုံ ရိုက်ကူးလိုပါက "take a picture" ဟူပြောပေးရုံဖြင့် ကင်မရာမှ ဓါတ်ပုံရိုက်ခါ သိမ်းဆည်းထားပါမယ်။ iPhone ၏ အသံဖြင့်စေခိုင်းနိုင်သော Siri စနစ်တွင် အသံဖြင့် စေခိုင်းရုံတင်မဟုတ်ပဲ လက်ဖြင့်ပါ ကင်မရာကို ချိန်ပေးနေရမည်ဖြစ်သော်လည်း Google Glass ကတော့ ရိုက်ကူးလိုသည့် မြင်ကွင်းကို လှမ်းကြည့် နေ လိုက်ရုံသာဖြစ်ပါတယ်။ ထို့အတူ ဗွီဒီယိုရိုက်ကူးရာမှာလည်း မျက်မှန်ကိုတပ်ဆင်ခါ ရိုက်ကူးလိုသည့် မြင်ကွင်းကို လိုက်လံကြည့်ရှုရုံသာဖြစ်ပါတယ်။
                             ပို၍ ကောင်းမွန်သောစနစ်မှာ ယခင် ခန့်မှန်းချက်များအတိုင်း မျက်မှန်တပ်ဆင်ထားသူ မြင်နေရာသော မြင်ကွင်းများကို အခြား သူများထံသို့ online live streaming စနစ်ဖြင့် တိုက်ရိုက် မြင်တွေ့စေနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ map မြေပုံစနစ်ဖြစ်ပါတယ်။ မြေပုံစနစ်မှာ မျက်မှန်တပ်ဆင်ထားသူ သွားလိုသည့်နေရာသို့ ခရီးအကွာအဝေး၊ ကြာမြင့်နိုင် သည့်အချိန် နှင့် တကွ လမ်းညွန်ပေးသည့် စနစ်ပါပါတယ်။ အသံဖြင့် ပေးပို့နိုင်သည့် စာပို့စနစ်ပါဝင်နေသောကြောင့် bluetooth သို့မဟုတ် NFC ခေါ် Near Field Connection စသည့် wireless connection များကို သုံးခါ ဖုန်းတစ်မျိုးမျိုးဖြင့် ချိတ်ဆက် ၍လည်း Phone function များကို အသုံးပြုနိုင်ပါသေးတယ်။ Brooklyn တံတားကိုကြည့်ခါ "how long is the Brooklyn Bridge?" (ဘရွတ်ကလင်း တံတားက ဘယ်လောက်ရှည်သလဲ) ဟူ၍လည်း မေးမြန်း၍ ရနိုင်ရုံသာမက "Say half a pound in chinese" (ပေါင်တစ်ဝက်ကို တရုတ်လို ဘယ်လိုပြောမလဲ) စသောမေးခွန်းများကို ပါ ဖြေကြားပေးနိုင် မှာဖြစ်ပါတယ်။ မျက်မှန်တပ်ဆင် ထားသူ မှ လေဆိပ် တစ်ခုခုကဲ့သို့သော နေရာများတွင်ရောက်ရှိချိန်မျိုးမှာတော့ မျက်မှန်ကို မေးမြန်းနေစရာ မလိုပဲ လေယဉ်ထွက်ခွာမည့် ခရီးစဉ်များ၊ ဆိုက်ရောက်မည့်အချိန်များ ကို Google Glass ရဲ့ transparent screen မှ အလိုအလျှောက်ဖေါ်ပြပေး မှာဖြစ်ပါတယ်။
                            ဈေးကွက်ထဲကို မရောက်သေးတဲ့ Google Glass သိပ္ပံမျက်မှန်ကို အရင်ဆုံး ရယူလိုပါက Google+ ဒါမှမဟုတ် Twitter အကောင့် တစ်ခုခုကိုအသုံးပြုပြီး၊ "သင့်မှာ Google Glass သာရှိခဲ့ရင် ဘာတွေလုပ်မလဲ" ဟူသည့် မေးခွန်းနှင့် သင့်တော်သည့်အဖြေကို ဖြေပေးရမှာဖြစ်ပါတယ်။ အဖြေတွင် #ifihadglass ဟူသော စာသားကို ထည့်သွင်းခါ စကားလုံး ၅၀ ထက်မပိုစေပဲ ဓါတ်ပုံ ၅ ပုံ၊ ဗွီဒီယို ၁၅ စက္ကန့်စာ တစ်ခု နှင့်အတူ မိမိ၏ twitter နှင့် Google+ အကောင့်များမှာ share ပြုလုပ်ရမှာဖြစ်ပါတယ်။ ရွေးချယ်ခံရသူကိုတော့ လာမယ့်ဖေဖေါ်ဝါရီလာ ၂၇ ရက်နေ့မှာ https://plus.google.com/+projectglass/ နှင့် http://twitter.com/projectglass ဖေါ်ပြထားမှာဖြစ်ပါတယ်။


No comments:

Post a Comment