March 05, 2013

ဖုန်းရော tablet ပါသုံးနိုင်မည့် Asus PadFone infinity (2 in 1) smart device




                      လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ Asus ကုမ္ပဏီဟာ PadFone infinity လို့ခေါ်တဲ့ Tablet အဖြစ်ရော၊ စမတ်ဖုန်းတစ်လုံး အဖြစ်ပါ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Smart device မျိုးဆက် နောက်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းကို tablet dock ထည့်သွင်းတပ်ဆင်ရုံဖြင့် ၁၀.၁ လက္မ မျက်နှာပြင်ကျယ် Tablet တစ်လုံးကို စမတ်ဖုန်းတွင်ပါဝင်သည့် စွမ်းဆောင်ချက်များအတိုင်း ကိုင်ဆောင်ခွင့်ရရှိနိုင်မှာဖြစ်ပြီး၊ ဖုန်းသီးသန့်အသုံးပြုလိုချိန်တွင် tablet dock မှပြန်ဖြုတ်ခါ ပေါ့ပါးစွာအသုံးပြုနိုင်အုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကတည်းက PadFone နှင့် PadFone 2 ဟူ၍ နှစ်မျိုးထုပ်လုပ်ခဲ့ပြီး၊ ယခု PadFone infinity မှာတော့ ပိုမိုထူးခြားကောင်းမွန် အောင် update ပြုလုပ်ပေးထားပါတယ်။

Credit to http://stamedia.blogspot.com

No comments:

Post a Comment