March 05, 2013

မြန်မာနိုင်ငံ မြို့ကြီးများတွင် ၉၆၉ လှုပ်ရှားမှုများ ပျံ့နှံ့အောင်မြင်လျှက် ရှိ



ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ကို ရည်ညွှန်းသည့် ၉၆၉ တံ ဆိပ်ဖြင့် လှုပ်ရှားမှုများ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ပျံ့နှံ့အောင်မြင်လျှက်ရှိကြောင်း သိရပါသည်။

အဆိုပါ ၉၆၉ လှုပ်ရှားမှုကို အင်တာနက် စာမျက်နှာများတွင် စတင်တွေ့ရှိရခြင်း ဖြစ်ပြီး မန္တလေး မစိုးရိမ် ကျောင်း မှ ဆရာတော် ၀ီရသူမှ တရားပွဲများတွင် ထည့်သွင်းဟောကြားခဲ့ပါသည်။

အမျိုးချစ်သူများဟု အမည်ပေးထားသည့် အဖွဲ့မှ ကိုလင်းမင်းနိုင်က ၉၆၉ ဆိုတာ အကြမ်းမဖက်တဲ့ လှုပ် ရှား မှုပါ။ ကိုယ့်မြန်မာ ဆိုင်မှာ ကိုယ်ဈေးဝယ်မယ်။ ကိုယ့်ဆိုင်မှာ ဘုရား၊တရား၊ သံဃာကို ကိုးကွယ်တယ် ဆိုတဲ့ အကြောင်း ကျွန်တော်တို့ ဖော်ထုတ်ပြတာပါပဲ။ နေရာအနှံ့မှာ ပျံ့နှံ့လေ ကျွန်တော်တို့ လူမျိုး၊ ကျွန်ေ တာ် တို့ နိုင်ငံဟာ ဘာကိုးကွယ်တယ် ဆိုတာ လူတွေ ပိုသိလေပါပဲ။

၉၆၉ နှင့် ပတ်သက်၍ အမြင် မတူသူများလည်း ရှိကြောင်း သိရသည်။ ဘာသာရေး လုပ်ငန်းများ ပြင်းထန် စွာ ဆောင်ရွက်သည့် အွန်လိုင်း လူငယ် တစ်ဦးမှ အခုဆို တော်တော် အထိနာနေပြီ။ မြန်မာတွေလည်း စီး ပွားေ ရး လုပ်စား ရမှန်း သိလာကြပြီ။ ဒီအတိုင်း ဆက်သွားရင် ၁ နှစ် ၂ နှစ်ဆို တော်တော် သိသာလာမှာ။ ကိုယ့်မြန် မာ စီးပွားရေး သမားတွေက လိုက်ပါဖို့ကတော့ အဓိက လိုအပ်ချက်ပါပဲ ဟု ပြောပြခဲ့ပါသည်။
 ၉၆၉ တံဆိပ် တင်ပြီး မကြာခင် ဆိုင်ကယ်များ ရောင်းထွက်ခဲ့သည်ဟု ဆိုသည်
 ၉၆၉ တံဆိပ် စာစီစာရိုက်
 ကွမ်းယာဆိုင်လည်း ၉၆၉
ကားတွေမှာလည်း ၉၆၉


credit to http://www.oppositeyes.info

No comments:

Post a Comment