March 05, 2013

iPhone/iPod များကို iTunes မလိုပဲ Media Transfer လုပ်နိုင်မည့် 3herosoft V3.6.5


                              Apple Inc Product များဖြစ်သည့်  iPhone နှင့် iPod MP4 Player များကို ပုံမှန်အတိုင်းဆိုလျှင် iTunes ကိုအသုံးပြုပြီး မှသာ Audio, Video နှင့် Photo များစသည့် Media File များကို Transfer (သို့မဟုတ်) Sync လုပ်ပေးရပါတယ်။ အခြား MP4 များကဲ့သို့ Media File များကို လွယ်ကူစွာ တိုက်ရိုက် ထည့်သွင်းနိုင်မှာ မဟုတ်ပါဘူး။ ယခု 3herosoft iPod to Computer Transfer V3.6.5 ကတော့ iTunes ကိုအစားထိုး အသုံးပြုနိုင်မည့် Software ပါ။ iTunes သုံးစရာမလိုပဲ 3herosoft ကိုအသုံးပြုခါ iPhone/iPod မှ Photo, Music, Movie, Podcast, TV Show များကို Local Disk နှင့် manage, sync, copy, backup ပြုလုပ်ပေးနိုင်ပါတယ်။ 
                              Skin Design ပိုမိုလှပပြီး၊ Design ၂ မျိုးပြောင်းလဲအသုံးပြုနိုင်ခြင်း က iTunes ထက်သာလွန်သည့် အချက်ဖြစ်ပြီး၊ Local နှင့် iPhone/iPod သာမက iPhone/iPod မှ အခြား iPhone/iPod သို့ Copy ကူးနိုင်ခြင်း၊ Media File Information များကို လျှင်မြန်စွာ Browse လုပ်နိုင်ခြင်း နှင့် အခြား Function များကတော့ iTunes အတိုင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်သည့် Device များကတော့ iPod nano/Classic/Touch 2G မှ iOS4, iPad, iPhone 3G, iPhone 3GS, iPhone 4 များအားလုံးအတွက် အသုံးပြုနိုင်ပါတယ်။ (ယခု 3herosoft iPod to Computer Transfer ကိုအသုံးပြုလိုပါက iTunes ကို ပိတ်ထားဖို့လိုပါမယ်။)
                               Dowload လုပ်ပြီးလျှင် Rar File ကိုပြန်ဖြည်၍ ipod to computer transfer file ကို Install လုပ်ပါ။ ပြီးလျှင် Help Menu မှ Enter License Code သို့သွား၍ Download File ထဲတွင် တခါတည်းပါဝင်သော Serial File ကိုဖွင့်ပြီး Serial Name နှင့် Key များကို ထည့်၍ ပုံတွင်ပြထားသည့် အတိုင်း Register ကိုနှိပ်ပေးလိုက်လျှင် Free and Full Version အသုံးပြုနိုင်ပါပြီ။ 5.77 MB သာရှိပြီး၊ Window XP, 2000, 2003, Vista, 7 များမှာ အသုံးပြုနိုင်ပါတယ်။
                            

No comments:

Post a Comment