March 16, 2013

Samsung Galaxy S4


Samsung အီလက်ထရွန်နစ် ကုမ္ပဏီက နောက်ဆုံးပေါ်လူသိများတဲ့ စမတ်ဖုန်း Samsung Galaxy S4 ကို မနေ့က ပထမဆုံး မိတ်ဆက်ပေးလိုက်ပါတယ်။

ပိုကျယ်ပြန့်တဲ့ ဖုန်းမျက်နှာပြင်၊ သမားရိုးကျမဟုတ်တဲ့ ဆန်းသစ်ထားတဲ့ အင်္ဂါရပ်တွေနဲ့ Samsung Galaxy S4 ဟာ သူ့ရဲ့ပြိုင်ဘက် Apple ကုမ္ပဏီရဲ့ ပိုင်နက်မှာ ဦးဆောင်သွားပါလိမ့်မယ်။ ဒီ S4 ဖုန်းဟာ Samsung ကုမ္ပဏီရဲ့အောင်မြင်မှု မြင့်မြင့်မားမား ရရှိခဲ့တဲ့ ဂလက်ဆီ S စီးရီးစ်တွေထဲက အမေရိကန်မြေပေါ်မှာ ကမ္ဘာကို ပွဲဦးထွက် မိတ်ဆက်ပေးလိုက်တဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။

Samsung Galaxy S4 ဖုန်းဟာ Apple ရဲ့ ပြီးခဲ့တဲ့ထုတ်ကုန်တချို့နဲ့ ဆင်တူယိုးမှား ဖြစ်တယ်ဆိုတဲ့ ထင်ကြေးတွေကို ဆမ်ဆောင်းက ဈေးကွက်စစ်ဆင်ရေး အရင်ဦးအောင် လုပ်လိုက်တာလဲ ဖြစ်ပါတယ်။ အမေရိကန်မှာ ၀န်ဆောင်မှု စီစဉ်ပံ့ပိုးပေးသူ အားလုံးက ဖုန်းကို ရောင်းချပေးမှာဖြစ်ပေမယ့် နေ့ရက်နဲ့တန်ဖိုး အတိအကျကိုတော့ ရေငုံနှုတ်ပိတ်ထားပါတယ်။

ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက် တိုးတက်မှုနှုန်း ကျဆင်းနေချိန်မှာ ဆမ်ဆောင်းကတော့ သူ့ရဲ့နှစ်စဉ် အကျိုးအမြတ်ကို ဂလက်ဆီဖုန်းတွေကနေ အများဆုံး ရရှိနေဆဲ ဖြစ်ပါတယ်။ Samsung Galaxy S4 ဟာ မျက်နှာပြင်ဧရိယာက ၅ လက်မ ရှိမှာဖြစ်ပြီး ထုတ်ခဲ့ပြီးသားဖုန်းတွေထက် နည်းနည်း ပိုပြီးပါးလွှာ၊ ပေါ့ပါးမှာဖြစ်တယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။ အဆန်းသစ်ဆုံး အင်္ဂါရပ်တွေထဲမှာ ထူးခြားတဲ့ စွမ်းဆောင်မှုတွေ ထည့်သွင်းပေးထားတယ်လို့လဲ ဆိုပါတယ်။ ဥပမာအားဖြင့် တယောက်ယောက်က ဖုန်းမျက်နှာပြင်ဖန်သားကို ကြည့်နေတာကို ဖုန်းက အာရုံခံစားမိပြီး ဖုန်းသုံးစွဲသူက အရှေ့၊ အနောက် တိမ်းစောင်း ငဲ့ကြည့်ပေးလိုက်ရင် သူကြည့်ရှုနေတဲ့ စာမျက်နှာကို အပေါ် အောက် လိုက်ရွှေ့ပေးသွားနိုင်တာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ထွက် အလွန်ကောင်းမွန်စေတဲ့ ကင်မရာနဲ့ အသံကြည်လင်မှုစနစ်တွေအပါအ၀င် ဖုန်းရဲ့စွမ်းဆောင်မှုက သိသိသာသာကို မြင့်မားပါတယ်လို့ ညွှန်းထားပါတယ်။

No comments:

Post a Comment