March 02, 2013

Myanmar Font for Huawei Handsets


Huawei U8100, U8500, U8110, Clone ဖုန်းတော်တော်များများ (hth 226, 808, A 15) တွေကို root လုပ်ပြီး မြန်မာဖောင့်ထည့်နည်းကို အရင် သွားကြရအောင်..

အရင်ဆုံး မန်မိုရီကတ်ထဲကို (တရုတ်မန်မိုရီကတ်တွေနဲ့ မလုပ်တာ အကောင်းဆုံးပါ.. အနည်းဆုံး Silicon Power လောက်တော့ သုံးသင့်ပါတယ်။) z4rootRoot Explorer, မြန်မာဖောင့်Myanmar KeyboardFrozen Keyboardစတာတွေကို ထည့်ပါ။ ပြီးရင် မန်မိုရီကတ်ကို ဖုန်းထဲထည့်ပါ။ ထည့်ပြီးရင် ပါဝါဖွင့်ပြီး စက်တက်လာတဲ့အထိ စောင့်ပေါ့။ တက်လာရင်တော့ File Manager (Clone ဖုန်းတွေဆိုရင် ES File Manager ဖြစ်နေတတ်ပါတယ်။) ထဲကို ၀င်ပါ။ မန်မိုရီကတ်ကို သွားပါ။ မန်မိုရီကတ်ထဲ မြင်ရပြီဆိုရင်တော့ ခုနက ထည့်ထားတဲ့ .apk ဖိုင်တွေကို တွေ့ရပါလိမ့်မယ်။ အရင်ဆုံး z4root ကို တစ်ချက် နှိပ်လိုက်ပါ။ Install လုပ်မယ်လို့ ပြောလိုက်ရင် USB Debugging နဲ့ Unknown Sources ကို အမှန်ခြစ် ခြစ်ပေးဖို့ တောင်းပါလိမ့်မယ်။ အမှန်ခြစ် ခြစ်ပေးလိုက်ပါ။ ပြီးရင် Back Key တစ်ချက် ပြန်နှိပ်ပြီး ထွက်လို့ရပါပြီ။ ထွက်လိုက်ရင် Memory Card ထဲကို ပြန်ရောက်သွားပါလိမ့်မယ်။ အရင်အတိုင်းပဲ z4root ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။ Install လုပ်လိုက်ပါ။ Install လုပ်နေတုန်း ခဏစောင့်ပါ။ ပြီးသွားရင် Open (ဖွင့်မလား) Done (ပြီးပြီဆိုပြီး ပိတ်ခိုင်းမလား) မေးပါလိမ့်မယ်။ ကျွန်တော်တို့က Root လုပ်ချင်တာဆိုတော့ လုပ်မှာပေါ့.. ဒါကြောင့် Open ကို နှိပ်လိုက်ပါ။ Z4Root တက်လာပါလိမ့်မယ်။ တက်လာရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်။  Permanent Root ကို နှိပ်လိုက်ပါ.. ခဏလေးစောင့်ရပါလိမ့်မယ်.. ပြီးရင် စက်က Reboot ဖြစ်သွားပါလိမ့်မယ်.။

Reboot ဖြစ်ပြီး ပြန်တက်လာပြီဆိုရင်တော့ ကျွန်တော်တို့ Root လုပ်ထားတာ ဖြစ်သွားပြီလား ပြန်စစ်ဆေးကြည့်ပါမယ်။ Menu ထဲကို ၀င်လိုက်ပါ။ Super User ဆိုတဲ့ အောက်ကပုံလေး ပေါ်နေပြီလား လိုက်ရှာကြည့်ပါ။ ပေါ်နေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ Root လုပ်ခြင်း အောင်မြင်သွားပါပြီ။
ဒါဆိုရင်တော့ မြန်မာဖောင့်ကို ဆက်ပြီး ထည့်သွင်းကြတာပေါ့.. အရင်ဆုံး z4root ကို သွားတုန်းကလိုပဲ မန်မိုရီကတ်ထဲကိုသွားပါ။ Root Explorer ကို နှိပ်ပြီးတော့ Install လုပ်လိုက်ပါ။ ပြီးရင် မဖွင့်ဘဲနဲ့ အရင်ဆုံး Done ကို နှိပ်ပါ။ ဒါဆိုရင် မန်မိုရီကတ်ထဲကို ပြန်သွားပေးပါလိမ့်မယ်။ Frozen Keyboard ကို နှိပ်ပြီး Install လုပ်ပါ။ ပြီးရင် Done ပါ။ Myanmar Keyboard ကိုနှိပ်ပြီး Install လုပ်ပါ။ ပြီးရင် Done ကို နှိပ်ပါ။ ဒါဆိုရင်တော့ အားလုံး သွင်းစရာရှိတာ သွင်းပြီးသွားပါပြီ။ File Manager ထဲက ပြန်ထွက်ပါ။ Home အထိ ရောက်အောင် ထွက်လိုက်ပါ။ ပြီးတော့မှ menu ထဲကို ၀င်ပါ။ ဒါဆိုရင် Root Explorer, Myanmar Keyboard စတာတွေရဲ့ ပုံတွေကို မြင်နေရပါလိမ့်မယ်။ Root Explorer ထဲကို ၀င်ပါ။ sdcard ကို လိုက်ရှာပါ။ တွေ့ပြီဆိုရင် နှိပ်လိုက်ပါ။ ကတ်ထဲမှာ ထည့်ထားတဲ့ဟာတွေထဲမှာ DroidSansFallback.ttfဆိုတဲ့ ဖောင့်လေး ကို မြင်ရပါလိမ့်မယ်။ ကြာကြာလေး ဖိထားလိုက်ပါ။ ဒါဆိုရင် Copy, Move ဘာညာဆိုပြီး မေးပါလိမ့်မယ်။ Copy ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ဘက်မှာ Paste နဲ့ Cancel ဆိုတဲ့ စာလုံးလေး နှစ်လုံး တိုးလာပါလိမ့်မယ်။ ဘာမှ မနှိပ်ပါနဲ့။ Back ကိုပဲ နှိပ်ပြီးတော့ Root Explorer ကို ၀င်ဝင်ချင်း မြင်ရတဲ့ ပုံစံအထိ ရောက်အောင်ထွက်ပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အနှိပ်လွန်သွားလို့ Menu အထိ ပြန်ထွက်သွားရင် အပေါ်မှာ Copy လုပ်ခဲ့တာပါ ပျက်သွားတဲ့အတွက် အစအဆုံး ပြန်လုပ်ရမှာကိုပါ။ ဒါကြောင့် Back ကို တစ်ချက်ချင်း နှိပ်ပြီး Root Explorer ၀င်ဝင်ချင်း sdcard ကို လိုက်ရှာဖို့လုပ်တုန်းက မြင်ခဲ့ရတဲ့အထိပဲ ထွက်ပါ။ ပြီးရင်တော့ sdcard ရဲ့ အောက်မှာ system ဆိုတာလေး ရှိပါတယ်။ System ထဲကို ၀င်ပါ။ Fonts ဆိုတာကို ရှာပါ။ တွေ့ရင် နှိပ်လိုက်ပါ။ ဒါဆိုရင် .ttf တွေ အများကြီးကို တွေ့နိုင်ပါပြီ။ ဒါဆိုရင်တော့ Copy လုပ်လာတာကို Paste လုပ်လို့ ရပါပြီ။ Paste ကို နှိပ်လိုက်ပါ။ နှိပ်လို့ Error တက်ရင် အောက်ကပုံအတိုင်း အပေါ်ဘက်မှာ Mount R/O ဖြစ်မဖြစ် စစ်ပါ။ မဖြစ်ဘဲ Mount R/W ဖြစ်နေတယ်ဆိုရင် Read Write လုပ်လို့ရအောင် အဲဒီ Mount R/W ဆိုတာလေး အပေါ်ကို နှိပ်လိုက်ပါ။ ပြီးရင် ပြန်ပြီး Paste လုပ်ပါ။ Overwrite လုပ်မလုပ် မေးပါလိမ့်မယ်။ Yes လို့ ပေးလိုက်ပါ။ ပြီးရင်  DroidSansFallback.ttf အပေါ်မှာ ကြာကြာလေး ဖိထားလိုက်ပါ။ Copy, Move ဘာညာ ထပ်ပေါ်လာပါလိမ့်မယ်.။ ဒီတစ်ခေါက်ကတော့ Permission ကို နှိပ်ပါ။ Permission မှာတော့ အောက်က ပုံလေးအတိုင်း လုပ်ပေးပါ။

အမှန်ခြစ်လေးတွေကို သူ့အတိုင်း ခြစ်ပြီးပြီဆိုရင်တော့ OK နှိပ်ပြီး ထွက်လိုက်ပါ။ ပြီးရင် Myanmar Keyboard ထဲကို ၀င်ပါ။
Go To Settings ကို သွားပါ။ Frozen Keyboard ကို အမှန်ခြစ်ပေးပါ။ ပြီးရင် ထွက်လိုက်ပါ။ Input Keyboard ကို နှိပ်လိုက်ပါ။ Frozen Keyboard ကို နှိပ်လိုက်ပါ။ Test Here မှာ စာရိုက်ကြည့်ရင် မြန်မာလို ပေါ်သွားပါပြီ…. ဒါဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာဖောင့်ထည့်သွင်းခြင်းလုပ်ငန်း ပြီးဆုံးသွားပါပြီ။

 Zip File Password တွေ အားလုံးကို superlike.mail@gmail.com ကို အီးမေးလ်ပို့ပြီး တောင်းယူရရှိနိုင်ပါတယ်။
Credit to http://www.superlikeonline.com

No comments:

Post a Comment