March 03, 2013

China Tablets Rooting



တရုတ်က လာတဲ့ Tablet တွေ တော်တော်များများကို Root ဖောက်ချင်ကြပါတယ်.. ဘယ်လိုဖောက်ရမလဲ?? မြန်မာစာ ဘယ်လိုထည့်မလဲ?? ဖောက်နည်း အသေးစိတ် သိရှိလိုသူတွေအတွက် ဒီပို့စ်လေး တင်ပေးလိုက်ပါတယ်.. မသိခင်က တော်တော်ခက်မယ်ထင်ရပေမယ့် သိသွားရင်တော့ အေးဆေးဖြစ်သွားမှာပါ.. ကဲ.. ဘယ်လိုအမြစ်တူးမလဲ ကြည့်ကြရအောင်နော်.. :)
-ပထမဆုံး Tablet ကို ပါဝါဖွင့်လိုက်ပါ.. ပြီးရင် setting ထဲမှာ USB Debugging မှာ အမှန်ခြစ်လေး ပေးထားလား ကြည့်ပေးပါ.. တရုတ်ကလာတဲ့ Tablet တော်တော်များများကတော့ USB Debugging အမှန်ခြစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးရင်တော့ ကွန်ပြူတာနဲ့ Tablet ကို Tablet ၀ယ်တုန်းက ပါလာတဲ့ USB ကြိုးနဲ့ ချိတ်လိုက်ပါ။ ချိတ်ပြီးရင် Driver အင်စတော လုပ်တာကို စောင့်ပါ။ အားလုံး အိုကေပြီဆိုရင် နောက်တစ်ဆင့် ဆက်သွားတာပေါ့..
-ပြီးရင် ဒီလင့်ခ်ကနေ ဒေါင်းလုပ်ဒ်ဆွဲပြီး Root လုပ်မယ့် ဖိုင်ကို ရယူပါ..
Dropbox
-ဖိုင်ကို ဒေါင်းလုပ်ဒ်ဆွဲတာ ပြီးပြီဆိုရင်တော့ Run လိုက်ပါ. ဘောက်စ်လေး တစ်ခုပေါ်လာပါလိမ့်မယ်.. အပေါ်ဆုံးက ခလုတ်ကို နှိပ်ပါ.. ခဏစောင့်ပါ. OK နှိပ်ပါ.
ပြီးရင် စာတန်းတွေ ပြေးသွားပြီး နောက်ဆုံး OK ဆိုတာကို နှိပ်ပြီးရင်တော့ Tablet ထဲမှာ Menu ထဲဝင်ပြီး superuser ပေါ်မပေါ် စစ်ကြည့်ပါ.. ပေါ်ပြီဆိုရင် Tablet တစ်ခုကို အောင်မြင်စွာ Root လုပ်ပြီးသွားပြီလို့ မှတ်ယူနိုင်ပါပြီ..

March 02, 2013

HUAWEI ALL IN ONE RECOVERY FLASHING TOOL (LATSET VERSION)


Screenshot - 2_28_2013 , 9_39_53 AM
ဒီကတော့ပုံစံအသစ်လေးအနေနဲ့နည်းနည်းလေးပြင်ပြီးထုတ်ထားတာပါ..
အမြင်လဲပိုရှင်းသွားအောင်လို့ပါ…
အသစ်အနေနဲ့ကတော့ C8813 တို့ Y300 တို့ G10 တို့ပါလာပါတယ်…..
Custom Recovery သွင်းလို့ရတဲ့ Tool လေးတစ်ခုဖြစ်ပါတယ်…..
ဒီ Recovery သွင်းပြီးရင်တော့ Root ပဲဖြစ်ဖြစ် Root မလုပ်ပဲလဲမြန်မာစာသွင်းလို့ရမှာပါ…
ကိုယ်လိုချင်တဲ့ ဖုန်းကိုရွေးကို လုပ်ရုံပါပဲ….
ဖုန်းကိုတော့ Fastboot mode အနေနဲ့အထားမှာထားရမှာပါ….
ဖုန်းကိုမှားရွေးမိရင်လဲ Error မရှိပါဘူး..
ယုံကြည့်စွာသုံးလို့ရပါတယ်…..
တစ်ချို့ဖုန်းတွေကတော့ Bootloader ရှိနေလို့ Unlock Bootloader လုပ်ပြီးမှအဆင်ပြေမှာပါ……
နောက်ပိုင်းမှာပဲ Update လေးတွေထပ်ပြီးလုပ်သွားပေးဖို့ရှိပါတယ်..
အားသာချက်ကတော့ဒီတစ်ခုထဲနဲ့ အလုံး၂၀လောက်ကိုလုပ်နိုင်တာပါပဲ..
ဒီတော့ ကိုယ်ရဲ့ Computer မှာ File တွေများမနေတော့ပါဘူး..
ဒီအထဲမှာပါတဲ့ Recovery တွေကလဲ Stable တော်တော်လေးဖြစ်တဲ့ Recovery တွေကိုပဲသုံးထားတာပါ…..
ကဲလိုချင်တဲ့သူတွေအတွက်တော့အောက်မှာဒေါင်းလိုက်ပါ။

VIBER မြန်မာဗားရှင်း(IPhone) ထွက်ပါပြီ



ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့ မြန်မာစာနဲ့ ထွက်လာတယ်ဆိုတာ တော်တော်လေးကို ရှာပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။ ကျနော်လဲ လူထဲက လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာ မျက်စိ နောက်ကောင်း နောက်ပေမဲ့ မြန်မာလူမျိုးများအတွက် သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။
တစ်ချို့ကို Language Data အခက်အခဲကြောင့်   မြန်မာလို မပြန်ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ…နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။
အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Jailbreak မလုပ်ရသေးတဲ့ ဖုံးများမျာ အသုံးပြုလို့မရနိုင်သေးပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိလျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီး ဖေ၀န် အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။
Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ….။











 iPhone 4 နဲ့ 4S မှာပဲ စမ်းရပါသေးတယ်။ တခြား iOS များမှာလည်း သုံးလို့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာ Download လုပ်ယူကြပါခင်ဗျားး။ IPA ဖိုင်ကို iPhone ထဲကို Install လုပ်နည်းကို ဒီနေရာမှာ ရေးပြီးခဲ့ပါပြီ။
IPA ကို Download လုပ်ရန်
အဆင်ပြေပါစေ…


Credit To စာချစ်သူ (www.sarchitthu.com) and http://www.myanmarmobilesoftwaredeveloper.com

LOVE BAYDIN(စံ-ဇာဏီဘို)

Love_Baydin2Love_Baydin











စံဇာဏီဘိုအချစ်ဗေဒင်လေးပါ
ကိုယ့်ရဲ့မွေးနေ့နဲ့ ကိုယ်ချစ်သူမွေးနေ့ကိုထည့်ပီးတွက်ရတာပါ…
ယူချင်တဲ့သူယူသွားပါ
Love Baydin (Direct Download Link)

GALAXY ACE GT-S5839I ကို ROOT လုပ်နည်းလေးပါ။


Galaxy Ace GT-S5839i ကို Root လုပ်နည်းလေးပါ။


ဒါတွေကို Root လို့ ရပါတယ်။ ဒါပေမယ့် အခုကတော့ GT-S5839i ကို Root လုပ်ပေးဖို့ အဓိကထားပြီပြောပေးမှာပါနော်။ ဘာတွေလိုမလဲဆိုတော့ Unknown source ကို on ထားပါ။ အောက်ကကောင်လေးကို ဒေါင်းပါ။
ဒေါင်းလို့ ရလာတဲ့ကောင်လေးကို SD Card ထဲကို ထည့်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်ပါ။ Recovery Mode(Vol Up + Power + Home) ၀င်ပါ။ installed from SD ကနေ စောနကကဒ်ထဲကို ထည့်ထားတဲ့ကောင်ကိုရွေးပြီး Flash လုပ်ပေးလိုက်။ ပြီးရင် Reboot System Now နဲ့ Reboot လုပ်။ ပြန်တက်လာရင် SuperSU ဆိုတာလေး တွေ့။ ၀င်ကြည့်လိုက် update လုပ်ခိုင်းမယ်။ လုပ်လိုက်ပါ။ Continue လုပ်ပေးလိုက်။ ပြီးရော Rooting။ ဒါလေးပဲ…ဟိဟိ။ ဘယ်လောက်လွယ်လဲ။
ထုံးစံအတိုင်း Unroot ပြန်လုက်ချင်သလားဟွင်။ လုပ်ချင်ရင်ပေါ့နော်။အောက်ကကောင်လေးကိုယူနော်။
ပုံမှန်အတိုင်း စောနကလို Recovery Mode ကနေ flash လုပ်လည်း ရတယ်။ အဲလို မလုပ်ချင်ရင်SuperSU ကို ၀င် Setting ထဲကနေ FullUnroot လုပ်လိုက်။ ပြီးရောပေါ့နော်။
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Myanmar Font for Huawei Handsets


Huawei U8100, U8500, U8110, Clone ဖုန်းတော်တော်များများ (hth 226, 808, A 15) တွေကို root လုပ်ပြီး မြန်မာဖောင့်ထည့်နည်းကို အရင် သွားကြရအောင်..

အရင်ဆုံး မန်မိုရီကတ်ထဲကို (တရုတ်မန်မိုရီကတ်တွေနဲ့ မလုပ်တာ အကောင်းဆုံးပါ.. အနည်းဆုံး Silicon Power လောက်တော့ သုံးသင့်ပါတယ်။) z4root, Root Explorer, မြန်မာဖောင့်, Myanmar Keyboard, Frozen Keyboardစတာတွေကို ထည့်ပါ။ ပြီးရင် မန်မိုရီကတ်ကို ဖုန်းထဲထည့်ပါ။ ထည့်ပြီးရင် ပါဝါဖွင့်ပြီး စက်တက်လာတဲ့အထိ စောင့်ပေါ့။ တက်လာရင်တော့ File Manager (Clone ဖုန်းတွေဆိုရင် ES File Manager ဖြစ်နေတတ်ပါတယ်။) ထဲကို ၀င်ပါ။ မန်မိုရီကတ်ကို သွားပါ။ မန်မိုရီကတ်ထဲ မြင်ရပြီဆိုရင်တော့ ခုနက ထည့်ထားတဲ့ .apk ဖိုင်တွေကို တွေ့ရပါလိမ့်မယ်။ အရင်ဆုံး z4root ကို တစ်ချက် နှိပ်လိုက်ပါ။ Install လုပ်မယ်လို့ ပြောလိုက်ရင် USB Debugging နဲ့ Unknown Sources ကို အမှန်ခြစ် ခြစ်ပေးဖို့ တောင်းပါလိမ့်မယ်။ အမှန်ခြစ် ခြစ်ပေးလိုက်ပါ။ ပြီးရင် Back Key တစ်ချက် ပြန်နှိပ်ပြီး ထွက်လို့ရပါပြီ။ ထွက်လိုက်ရင် Memory Card ထဲကို ပြန်ရောက်သွားပါလိမ့်မယ်။ အရင်အတိုင်းပဲ z4root ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။ Install လုပ်လိုက်ပါ။ Install လုပ်နေတုန်း ခဏစောင့်ပါ။ ပြီးသွားရင် Open (ဖွင့်မလား) Done (ပြီးပြီဆိုပြီး ပိတ်ခိုင်းမလား) မေးပါလိမ့်မယ်။ ကျွန်တော်တို့က Root လုပ်ချင်တာဆိုတော့ လုပ်မှာပေါ့.. ဒါကြောင့် Open ကို နှိပ်လိုက်ပါ။ Z4Root တက်လာပါလိမ့်မယ်။ တက်လာရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်။  Permanent Root ကို နှိပ်လိုက်ပါ.. ခဏလေးစောင့်ရပါလိမ့်မယ်.. ပြီးရင် စက်က Reboot ဖြစ်သွားပါလိမ့်မယ်.။

Reboot ဖြစ်ပြီး ပြန်တက်လာပြီဆိုရင်တော့ ကျွန်တော်တို့ Root လုပ်ထားတာ ဖြစ်သွားပြီလား ပြန်စစ်ဆေးကြည့်ပါမယ်။ Menu ထဲကို ၀င်လိုက်ပါ။ Super User ဆိုတဲ့ အောက်ကပုံလေး ပေါ်နေပြီလား လိုက်ရှာကြည့်ပါ။ ပေါ်နေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ Root လုပ်ခြင်း အောင်မြင်သွားပါပြီ။
ဒါဆိုရင်တော့ မြန်မာဖောင့်ကို ဆက်ပြီး ထည့်သွင်းကြတာပေါ့.. အရင်ဆုံး z4root ကို သွားတုန်းကလိုပဲ မန်မိုရီကတ်ထဲကိုသွားပါ။ Root Explorer ကို နှိပ်ပြီးတော့ Install လုပ်လိုက်ပါ။ ပြီးရင် မဖွင့်ဘဲနဲ့ အရင်ဆုံး Done ကို နှိပ်ပါ။ ဒါဆိုရင် မန်မိုရီကတ်ထဲကို ပြန်သွားပေးပါလိမ့်မယ်။ Frozen Keyboard ကို နှိပ်ပြီး Install လုပ်ပါ။ ပြီးရင် Done ပါ။ Myanmar Keyboard ကိုနှိပ်ပြီး Install လုပ်ပါ။ ပြီးရင် Done ကို နှိပ်ပါ။ ဒါဆိုရင်တော့ အားလုံး သွင်းစရာရှိတာ သွင်းပြီးသွားပါပြီ။ File Manager ထဲက ပြန်ထွက်ပါ။ Home အထိ ရောက်အောင် ထွက်လိုက်ပါ။ ပြီးတော့မှ menu ထဲကို ၀င်ပါ။ ဒါဆိုရင် Root Explorer, Myanmar Keyboard စတာတွေရဲ့ ပုံတွေကို မြင်နေရပါလိမ့်မယ်။ Root Explorer ထဲကို ၀င်ပါ။ sdcard ကို လိုက်ရှာပါ။ တွေ့ပြီဆိုရင် နှိပ်လိုက်ပါ။ ကတ်ထဲမှာ ထည့်ထားတဲ့ဟာတွေထဲမှာ DroidSansFallback.ttfဆိုတဲ့ ဖောင့်လေး ကို မြင်ရပါလိမ့်မယ်။ ကြာကြာလေး ဖိထားလိုက်ပါ။ ဒါဆိုရင် Copy, Move ဘာညာဆိုပြီး မေးပါလိမ့်မယ်။ Copy ကို နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ဘက်မှာ Paste နဲ့ Cancel ဆိုတဲ့ စာလုံးလေး နှစ်လုံး တိုးလာပါလိမ့်မယ်။ ဘာမှ မနှိပ်ပါနဲ့။ Back ကိုပဲ နှိပ်ပြီးတော့ Root Explorer ကို ၀င်ဝင်ချင်း မြင်ရတဲ့ ပုံစံအထိ ရောက်အောင်ထွက်ပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အနှိပ်လွန်သွားလို့ Menu အထိ ပြန်ထွက်သွားရင် အပေါ်မှာ Copy လုပ်ခဲ့တာပါ ပျက်သွားတဲ့အတွက် အစအဆုံး ပြန်လုပ်ရမှာကိုပါ။ ဒါကြောင့် Back ကို တစ်ချက်ချင်း နှိပ်ပြီး Root Explorer ၀င်ဝင်ချင်း sdcard ကို လိုက်ရှာဖို့လုပ်တုန်းက မြင်ခဲ့ရတဲ့အထိပဲ ထွက်ပါ။ ပြီးရင်တော့ sdcard ရဲ့ အောက်မှာ system ဆိုတာလေး ရှိပါတယ်။ System ထဲကို ၀င်ပါ။ Fonts ဆိုတာကို ရှာပါ။ တွေ့ရင် နှိပ်လိုက်ပါ။ ဒါဆိုရင် .ttf တွေ အများကြီးကို တွေ့နိုင်ပါပြီ။ ဒါဆိုရင်တော့ Copy လုပ်လာတာကို Paste လုပ်လို့ ရပါပြီ။ Paste ကို နှိပ်လိုက်ပါ။ နှိပ်လို့ Error တက်ရင် အောက်ကပုံအတိုင်း အပေါ်ဘက်မှာ Mount R/O ဖြစ်မဖြစ် စစ်ပါ။ မဖြစ်ဘဲ Mount R/W ဖြစ်နေတယ်ဆိုရင် Read Write လုပ်လို့ရအောင် အဲဒီ Mount R/W ဆိုတာလေး အပေါ်ကို နှိပ်လိုက်ပါ။ ပြီးရင် ပြန်ပြီး Paste လုပ်ပါ။ Overwrite လုပ်မလုပ် မေးပါလိမ့်မယ်။ Yes လို့ ပေးလိုက်ပါ။ ပြီးရင်  DroidSansFallback.ttf အပေါ်မှာ ကြာကြာလေး ဖိထားလိုက်ပါ။ Copy, Move ဘာညာ ထပ်ပေါ်လာပါလိမ့်မယ်.။ ဒီတစ်ခေါက်ကတော့ Permission ကို နှိပ်ပါ။ Permission မှာတော့ အောက်က ပုံလေးအတိုင်း လုပ်ပေးပါ။

အမှန်ခြစ်လေးတွေကို သူ့အတိုင်း ခြစ်ပြီးပြီဆိုရင်တော့ OK နှိပ်ပြီး ထွက်လိုက်ပါ။ ပြီးရင် Myanmar Keyboard ထဲကို ၀င်ပါ။
Go To Settings ကို သွားပါ။ Frozen Keyboard ကို အမှန်ခြစ်ပေးပါ။ ပြီးရင် ထွက်လိုက်ပါ။ Input Keyboard ကို နှိပ်လိုက်ပါ။ Frozen Keyboard ကို နှိပ်လိုက်ပါ။ Test Here မှာ စာရိုက်ကြည့်ရင် မြန်မာလို ပေါ်သွားပါပြီ…. ဒါဆိုရင် ကျွန်တော်တို့ရဲ့ မြန်မာဖောင့်ထည့်သွင်းခြင်းလုပ်ငန်း ပြီးဆုံးသွားပါပြီ။

 Zip File Password တွေ အားလုံးကို superlike.mail@gmail.com ကို အီးမေးလ်ပို့ပြီး တောင်းယူရရှိနိုင်ပါတယ်။
Credit to http://www.superlikeonline.com

ပျော်ရွှင်မြူး