April 05, 2013

ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ တန်ဖိုးနည်းဖုန်း ရောင်းချမည့်အစီအစဉ် (အပြည့်အစုံဖော်ပြချက်)


299239_557509137623062_429973568_n
၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။
၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများ သို့ခွဲဝေရောင်းချသွားမည်ဖြစ်ပါသည်။
၃။စတင်ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။နောင်လများတွင် GSM(2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။
၎။ CDMA-800MHz စနစ်စက်ပစ္စည်းများတပ်ဆင်ထားခြင်းမရှိသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် WCDMA 3G ဖုန်းများကိုနှုန်းထားတူ ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
၅။ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့်အမှန်တကယ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ရောင်းချခြင်းဖြစ်ပါ သဖြင့်ဖုန်းကဒ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်း SIMCard တွင် မူလထည့်သွင်းပေး ထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ်တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ဖုန်းကဒ်အားအခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းခြခြင်းမှ ကာကွယ်ရန် အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၆။စက်တန်ဖိုး စက်တပ်ဆင်မှုတန်ဖိုး ကုန်ကျစရိတ်များကို တယ်လီဖုန်းပြောဆိုခများမှပြန်လည်စုစည်းကောက်ခံရမည်ဖြစ်ပါသဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများကိုလစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့်ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံးသုံစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။နှစ်လပြည့်သော်လည်းကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိဖြတ်တောက်သွားပါမည်။တယ်လီဖုန်း SIM ကဒ်တွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၇။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူအခြားလိုင်စင်ရ အော်ပရေတာများမှ နိုင်ငံတ၀ှမ်းလုံး၇ှိပြည်သူများ ဆက်သွယ်သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကို တိုးချဲ့တပ်ဆင်ပြီးစီးပါက မည်သည့်ကန့်သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
Credti to.. အဖြူရောင်စာမျက်နှာ & Myanmar Online News

March 24, 2013

ဖုန်းနဲ့ ဓါတ်ပုံပြင်မယ် PHOTOSHOP TOUCH FOR ANDROID - V1.0.1 APK


 


Android မှာ Photoshop သုံးချင်တဲ့ ကိုကို မမနဲ့ ဘော်ဘော်များအတွက် 

PHOTOSHOP TOUCH FOR ANDROID - V1.0.1 APK  ပြန်လည်မျှဝေပေးလိုက်ပါတယ်



ကိုလတ်(ကျွဲဆင်း)

ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်


ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်Sunday, March 24, 2013ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကိုပြောပြလိုက်ပါတယ်။အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်IT GARDEN
ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင်ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကိုပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထား ပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။

စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ်ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်ပြီး အဆင်ပြေကြမယ်ထင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်

IT GARDEN

Google Play Store မှ ဒေါင်းလုပ် အဆင်မပြေသူများအတွက်


ပြီးခဲ့ တဲ့ သောကြာနေ့ ကစတင်ပြီးမြန်မာနိုင်ငံကနေGoogle Play Store ကို တိုက်ရိုက်ဝင်ရောက်ပြီး Application များကို ဒေါင်းလုပ်ဆွဲ နိုင်ပါပြီ။ သို့ သော် ဒီလို ၀င်ရောက်တဲ့ အခါမှာ Android ဖုန်းတိုင်း ၀င် ရောက်ပြီး ဒေါင်းလုပ်ဆွဲနိုင်သလားဆိုတာမေးစရာရှိလာပါတယ်။

 ဒါကလည်း User တွေအနေ နဲ့ မေး သင့် တဲ့ မေးခွန်းတစ်ခုပါ။ အကယ်၍ မိမိရဲ့  Device က Play Store ကိုဝင် ရောက် လို့ မ ရဘူး ဆို ရင် တော့ အောက်မှာ ပေးထားတဲ့  Google Play Support Device ဆိုတဲ့ လင့် မှာဝင်ကြည့် နိုင်ပါတယ်။ ၀င်ကြည့် လို့ မှ မိမိ device ဟာ List ထဲမှာမပါဝင်ဘူးဆိုရင် တော့Play Store ကို တရားဝင် Access မလုပ်နိုင်ပါဘူး။

 ဒီList ထဲမှာပါပြီး ၀င်လို့ မရဘူးဆိုရင်တော့ အနည်းငယ်ပြင်ဆင်ရမှာတွေရှိပါတယ်။ ဥပမာ Samsung Galaxy Gio ပဲထားပါတော့ ။ Gio ထွက်ခဲ့ တဲ့ အချိန်တုန်း Play Store ဆိုပြီးတောင် နာမည်မပြောင်း သေးပါဘူး။ Market အနေနဲ့ ပဲApp ပါဝင်လာတာပါ။ ပြီးတော့ ဖုန်းရဲ့ Firmware ကလည်း 2.2 (Froyo) နဲ့ လာတာပါ။ ဒါပေမယ့် 2.3.6 (Gingerbread) အထိUpdate ထွက်ထားပါတယ်။ Gio က play store ရဲ့ Support Device List ထဲမှာ ပါဝင်ပါတယ်။ဒါကြောင့် Market App ပေါ်က တောင် Access လုပ်ပြီး ၀င်ရောက် ဒေါင်းလုပ်ဆွဲ နိုင်ပါတယ်။

 အဓိကပြောချင်တာကတော့ Google ရဲ့ အသိအမှတ်ပြုဘယ် Device မဆို play store ကိုဝင်လို့ ရပါတယ်။ ၀င်လို့ မရဘူးလို့ ပြောနေသူတွေလည်းရှိ ပါတယ်။ 

ဒီလို ၀င်လို့ မရတဲ့ သူ တွေ အတွက်ကတော့  Google Play Service ဆိုတဲ့ App ကို အောက်မှာပေးထားတဲ့ လင့် အတိုင်း ဒေါင်းလုပ်ဆွဲ ပြီး Install လုပ်ပါ။ ပြီးသွားရင် Setting>>About phone>>Software update ကို ၀င်Google အကောင့် နဲ့ Sign up လုပ် ပြီး FOTA update ကို ရယူပါ။ ဒီလို FOTA update ယူမှ GIO လို ဖုန်းမျိုးဆို ရင် နဂိုပါဝင်လာတဲ့  Google ရဲ့ Native app တွေကို update လုပ်ပေးမှာပါ။FOTA update လုပ်ရင် ဘာမှ ပြဿနာ မရှိနိုင် ပါဘူး။ 

Samsung ၊ HTC စတဲ့  branded ဖုန်းတွေအကုန်လုံး Google Native app တွေ Version နိမ့် နေရင် Update လုပ် နိုင်ပါတယ်။ ဒါတွေအကုန်လုပ်ပြီးရင်တော့  Play Store Access ရရှိပါပြီ။ 
Credit To =>
http://myanmardigitallife.blogspot.com/2013/03/google-play.html
သျှမ်းထက် (DL Tech Club)

ကွန်ပြူတာမှ သီချင်းနားထောင်ရင်း အသံအတိုးအကျယ်ကို မောက်စ်ဘီးဖြင့် ပြုလုပ်နည်း


Image and video hosting by TinyPic

ဒါလေးကတော့ ကျနော် အရမ်းသဘောကျတဲ့ SOFTWARE လေးပါ... ကွန်ပျူတာနဲ့ သီချင်းနားထောင်တဲ့အခါ (သို့) VIDEO ကြည့်တဲ့အခါ VOLUME (အသံ) အတိုး ၊ အကျယ် အတွက် ဟို ခလုတ် , ဒီ ခလုတ် တွေ နှိပ်ပေးစရာ မလိုပဲ MOUSE က SCROLL WHEEL လေးကို လှိမ့်ပြီး အလွယ်တကူ အတိုး ၊ အကျယ် လုပ်ပေးနိုင်တဲ့ SOFTWARE လေးပါ ... 

အသုံးပြုပုံကတော့ Software လေးကို Install လုပ်ပြီးရင် Task Bar ပေါ်မှာ Mouse Pointer လေးတင်ပြီး အလွယ်တကူ အတိုး ၊ အကျယ် လုပ်နိုင်ပါပြီ..... အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှောလင့်ပါတယ်... ပျော်ရွှင်ကြပါစေ...။

Volume² is a utility designed as a replacement for the standard Volume Control. It lets you easily change the sound volume just by rotating the mouse wheel, using keyboard hot keys or moving the mouse pointer to an edge of the screen.

It also includes an audio mixer with advanced volume controls support, an on-screen display, command line support and the ability to store and recall different unlimited presets via one mouse click or system-wide hot keys.  

Also, it is a simple task scheduler that allows you to run or control the volume. Volume ² has a multilingual interface: Russian, Ukrainian, English, Chinese, Armenian, German, Spanish, Polish, Italian, etc

Developer’s website: http://adf.ly/LSXai


Click Here to Download

Credit to http://www.winkabarkyaw.net

Google Play မှ လိုအပ်သော Android apps များ တိုက်ရိုက် ဒေါင်းနိုင်ပြီ





 Google ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်ခြင်းနှင့်အတူ Google 

Play မှ  Andriod apps များကို မြန်မာပြည်မှ တိုက်ရိုက် ဒေါင်းလုပ် လုပ်နိုင်ပြီဖြစ်ပါသည်။

March 22, 2013

ဖုန်းရှာမရရင် လေချွန်ပြီး ရှာကြမယ်

ခဏခဏမေ့တတ်တဲ့သူတွေအတွက် လေချွန်ပီးဖုန်းရှာတဲ့ ဆောစ့်ဝဲလ် for Android

Written on 1:13 PM by Aung Su Mon (Mobile)

ဒီကောင်လေးကိုတော့ အရင်ကလည်းတင်ပေးဖူးပါတယ်
ကိုယ့်ကလေချွန်တဲ့  အချိန်မှာ ပြန်ပြီး အသံလေးမည်လာအောင် လုပ်ပေးမည့် Software လေးပါ
ကိုယ်နှစ်သက်အသံလည်း ထည့်ထားလို့ရပါတယ်
https://play.google.com/store/apps/details?id=com.WhistleAndroidFinderPRO
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလင့်မှာရယူနိုင်ပါတယ်
Download>>>zippyshare (or)mediafire (or)sharebeast (or)lastbox.