April 21, 2013

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်


ရန်ကုန် ဧပြီ ၁၉
ငွေကျပ် ၁၅ဝဝ တန်ဖိုး သတ်မှတ်ထားသော CDMA-800 MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့်
ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေး မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
မကြာမီရက် အတွင်း စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz ဆင်းကတ်များသည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA-800 MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာချက်တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။
MECTel တံဆိပ်ပါ DMA-800 MHz ဆင်းကတ်များ အသုံးပြုသော မိုဘိုင်းလ် တယ်လီဖုန်း များသည် အသစ်ထုတ်လုပ် ရောင်းချမည့် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုခငွေ ဖြည့်တင်းမှသာ ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် များကို ပြည် နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်း ဆိုင်ကြီးများနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
Ref & Credit to www.myawady.com.mm

April 19, 2013

Android ဖုန်းပေါ်ကနေ Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ



multiple Gmail accounts on android

Create gmail account easily

 ကွန်ပျူတာပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိတို့ရဲ့ Android ဖုန်းပေါ်ကနေတဆင့်  Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့

gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားပါတယ်။

(1) Android ဖုန်းမှာ setting ကိုသွားပါ ။
(2) Account and sync ကိုသွားပါ။
(3)add an account ကိုနှိပ်ပါ။
(4)Google ကိုရွေးပါ။ ( ဒီနေရာမှာ ကိုယ့်ဖုန်းထဲမှာ gmail application သွင်းပြီးသားရှိမှသာ google ဆိုတာပေါ်
နေမှာ။Android ဖုန်းတွေက gmail app အစကတည်းကပါလာပေမယ့် တစ်ချို့ တရုတ်ဖုန်းတွေနဲ့ custom roms
တွေမှာပါမလာတတ်ပါဘူး။
ဒါဆို gmail.apk နဲ့ GoogleServiceFrameworks.apk ဖိုင်တွေကို Google မှာအလွယ်တကူရှာဖွေပြီး download
လုပ်ပါ။ ,rootexplorer ကိုသုံးပြီး အဲ့ဒီ့ ဖိုင်၂ဖိုင်ကို system folderအောက်က app folder ထဲကိုကူးထည့်ပါ။Install လုပ်ပါ။ဖုန်းကို restart ချပါ။Gmail app ကိုသုံးလို့ရပါပြီ။ )

(5)ကိုယ်သုံးချင်တဲ့ နာမည်နဲ့ account name ကိုပေးပါ။ကိုယ်လိုချင်တဲ့နာမည်မရင် နောက်နာမည်အသစ်ရွေးပေါ့။ရခဲ့ရင် Next နှိပ်။
Add caption
(6)ကိုယ်ပေးချင်တဲ့ passwordကို ၂ခါဖြည့်ပါ။ပေးလိုက်တဲ့ passwordကိုသေချာမှတ်ထားပါ။မေ့သွားရင်ပြန်ယူ
ဖို့ခက်ခဲပါတယ်။

(7)Security Question က answer ကို ကိုယ်မှတ်မိမယ့်ဟာပေးပါ။password မေ့သွားလို့ gmail account ဝင်မရ
တော့ရင် ဒီ security question ကိုသုံးပြီးပြန်ယူရမှာပါ။


(8) human check အတွက် ပြထားတဲ့ စာလုံးတွေကို မှန်အောင်ဖြည့်ပေးပါ။

(9) I agree,next ကိုနှိပ်ပါ။

(10) Finish နှိပ်ပါ။
(11) Finish setup ကိုနှိပ်ပါ။
အကောင့်အသစ်ကိုစသုံးလို့ရသွားပါပြီ။လိုအပ်ရင်ဆန္ဒရှိသလောက် ဒီအတိုင်း gmail account ပေါင်းများစွာကို ဆက်ကာဆက်ကာ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။
ကိုယ့်မှာ android ဖုန်းမရှိရင်တော့ ရှိတဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ဖွင့်ခိုင်းပေါ့။ဖုန်းမှာအင်တာနက်
ဖွင့်ထားဖို့တော့လိုပါမယ်။
Credit to :  Android လုလင် & ၀င်းကမ္ဘာကျော်

April 12, 2013

i-mobile i693 ကို Root လုပ်ပြီး Fontchanger နဲ့ မြန်မာဖောင့်ထည့်နည်း


အခုပြောပြမဲ့နည်းလမ်းလေးက i-Mobile i693 Android Mobile Phone ကို Root လုပ်ပြီး Fontchanger နဲ့မြန်မာဖောင့်ထည့်နည်းလမ်းလေးပါ။
i-Mobile i693 Mobile Phone ရဲ့ Android version 2.2 ပါ။
Fontchanger နဲ့အသုံးပြုပြီး မြန်မာဖောင့်ထည့်တာက i-mobile i693 မှာ Original ပါတဲ့ ယိုးဒယားဖောင့်ကိုပါ မပျောက်ပဲ မြန်မာဖောင့်တမျိုး, ယိုးဒယားဖောင့်တမျိုး
တလှည့်စီပြောင်းသုံးချင်တဲ့သူတွေအတွက်ပါ။
ရိုးရိုးတန်း မြန်မာဖောင့်ပါတဲ့ DroidSansFallback.ttf ကို Root လုပ်ပြီး System >> Fonts >> Original DroidSansFallback.tt ကို Overwrite လုပ်ပြီး
မြန်မာဖောင့်မြင်အောင် လုပ်လို့ရပါတယ်။
Original DroidSansFallback.tt ကို Overwrite လုပ်လိုက်တဲ့တွက် Original ပါတဲ့ ယိုးဒယားဖောင့် အလုပ်မလုပ်တော့ပါဘူး။
အခုပြတဲ့ နည်းလမ်းတိုင်း step by step မှန်ခဲ့မယ်ဆိုရင် မိတ်ဆွေရဲ့ i-mobile i693 ကို ယိုးဒယားဖောင့် မပျေက်ဘဲ မြန်မာဖောင့်ကောင်းစွာထည့်နိုင်မှာပါ။

Root လုပ်နည်း 

အဆင့် ၁ : Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့် ၂ : Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင်ကိုဖြည်ပါ။
အဆင့် ၃ : Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။ Phone Setting>>Applications>>Unknown sources နှင့် Development>> မှ USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ၄ : ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၅ : Root button ကို ကလစ်နှိပ်ပေးပါ။ Busybox install လုပ်မလားလို့ Box တက်လာလျှင် Yes နှိပ့်ပေးပါ။ ” Root install has completed Would you like run a test ” Box ပ်ါလာလျှင် မိမိဖုန်းမှာ
Superuser ရရှိပြီး Root လုပ်လို့အောင်မြင်ပြီးသွားပါပြီး
Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။
RootRoot လုပ်ပြီးလို့ သေချာပေါက် Superuser ရပြီဆိုရင်
i-mobile i693 ကို Root လုပ်လို့ပြီးဆုံးသွားပါပြီး
i-mobile i693 ကို မြန်မာဖောင့်ပေါ်ဖို့တွက်
အောက်မှာ Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်းကို ဆက်လက်ဖော်ပြထားပါတယ်။
www.cx.com direct link မှ SuperOneClick Tool အားရယူရန်
(OR)
www.munius.com မှ SuperOneClick Tool အားရယူရန်
Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ် 

Fontchanger သုံးပြီး မြန်မာဖောင့်ထည့်နည်း 

* ပထမဆုံး မိမိဖုန်းက root လုပ်ထားရပါမယ် *
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ တချို့ဖုန်းတွင် fontchanger application တွက် busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
* ဒုတိယအဆင်အနေနဲ့ *
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ ။
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ ။
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။ ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ ။ apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုနှိပ်ပေးပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်း ယိုးဒယား ဖာင့်မပျောက်ပဲ မြန်မာဖောင့်နဲ့ တွဲဖတ်ပြီး တလှည့်စီချိန်းပြီး အသုံးပြုလို့ရပါပြီ။
Fontchanger သုံးပြီး မြန်မာဖောင့် ထည့်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ် 



www.cx.com direct link မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်
(OR)
www.munius.com မှ Fontchanger , rootexplore ,zawgyione.ttf , busybox , zawgyikeyboard များ အားရယူရန်
အားလုံအဆင်ပြေပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ် :) ………………….


myanmarmobileapp.com  ကူးယူဖေါ်ပြသည်။

“ခါတော်သင်္ကြန်ပွဲတည့်လေ”

ကဗျာတခွက် ၊ နံ့သာလက်ဖြင့်
စက်တော်ဗုဒ္ဓ ၊ မိနှင့်ဖကို
ကြည်မြသဒ္ဒါ ၊ ပူဇော်ပါသည်
ခါတော်သင်္ကြန်ပွဲတည့်လေ။

ပိတောက်ဝင်းဝင်း ၊ တမာသင်းခိုက်
ယမင်းသွယ်လျ ၊ မယ်နှမကို
အေးမြသီတာ ၊ သွန်းလောင်းပါသည်
ခါတော်သင်္ကြန် ပွဲတည့်လေ။

မြူခိုးဝေ၍
သည်နွေမဆုံး ၊ တပြည်လုံးကို
ကြည်ပြုံးစေအောင် ၊ မိုးလက်ဆောင်ဖြင့်
တောင်ပေါ်ကလာ ၊ ငြိမ်းမိုးရွာသည်
ခါတော်သင်္ကြန် ပွဲတည့်လေ။

တင်မိုး
ရှုမဝ
၁၉၇၇
ပန်းချီ shwe soe han
“ခါတော်သင်္ကြန်ပွဲတည့်လေ”

ကဗျာတခွက် ၊ နံ့သာလက်ဖြင့်
စက်တော်ဗုဒ္ဓ ၊ မိနှင့်ဖကို
ကြည်မြသဒ္ဒါ ၊ ပူဇော်ပါသည်

ခါတော်သင်္ကြန်ပွဲတည့်လေ။     ။


ပိတောက်ဝင်းဝင်း ၊ တမာသင်းခိုက်
ယမင်းသွယ်လျ ၊ မယ်နှမကို
အေးမြသီတာ ၊ သွန်းလောင်းပါသည်
ခါတော်သင်္ကြန် ပွဲတည့်လေ။     ။

မြူခိုးဝေ၍
သည်နွေမဆုံး ၊ တပြည်လုံးကို
ကြည်ပြုံးစေအောင် ၊ မိုးလက်ဆောင်ဖြင့်
တောင်ပေါ်ကလာ ၊ ငြိမ်းမိုးရွာသည်
ခါတော်သင်္ကြန် ပွဲတည့်လေ။     ။


တင်မိုး ၊ ရှုမ၀ ၊ ၁၉၇၇ ၊ 
ပန်းချီ shwe soe han

Android Phone တစ်ခုလုံးကို 3D Style ကြည့်နိုင်တဲ့ SPB Shell 3D v1.6.3 build 10163



SPB Shell 3D


လုံးဝကို အလန်းဇယားကြီးဗျာ ဘယ်ဆိုဒ်မှာမှမတင်ရသေးဘူးထင်တာဘဲ။ အခုက 3D ခေတ်ဆိုတော့ ဗျာ
Android ဖုန်းတစ်ခုလုံးကို 3D အတိုင်းမြင်နိုင်အောင် လုပ်ဆောင်ပေးတဲ့ Application လေးတစ်ခုမျှဝေပေး
လိုက်ပါတယ်ဗျာ။ ကွန်ပြူတာမှာဆိုရင် Defreeze အုပ်လိုက်သလိုမျိုးပါဘဲဗျာ။ Android မှာတော့ Launcher
အုပ်လိုက်သလိုမျိုးပေါ့။ အစမ်းသဘောအနေနဲ့ ကြည့်နိုင်အောင်လို့ Screen Shoot တွေကိုပါရိုက်ပေးလိုက်
ပါတယ်နော်။


       



SPB Shell 3D: next generation user interface. Enjoy your phone!
If you are not able to launch SPB Shell 3D, please use "Home Switcher" application from Android Market.
Next generation user interface. Enjoy your phone!
To launch SPB Shell 3D press the Home button once installation is completed.
 
Features:

  • 3D Home screen/launcher
  • Smart folders
  • 3D widgets
  • Collection of panels and widgets

What's in this version : (Updated : Sep 4, 2012)
  • Fixed problem with outgoing traffic
  • Afisha widget added (for Russia, Ukraine, Kazakhstan and Belarus)
  • TV Guide widget added (for Russia, Ukraine, Kazakhstan and Belarus)
  • News panel interface improved
  • Issues on Samsung Galaxy Ace fixed
  • Other improvements and bug fixes
Required Android O/S : 2.1+

                              Remove license verification using Lucky Patcher!


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Fast Pro for Facebook (Beta) v1.9.8.5 Apk 3MB


 Fast Pro for Facebook (Beta) အသုံးပြုတဲ့ သူငယ်ချင်းတွေ Update တင်ပေးလိုက်ပါတယ်
ကွန်နက်ရှင်မကောင်းဘဲ Face book ကို မြန်မြန်ဆန်ဆန်အသုံးပြုချင်တဲ့ 
သူငယ်ချင်းတွေအတွက် အဆင်ပြေစေမယ့် app ပါ
အသုံပြုမယ်ဆို အောက်ကလိပ်စာမှရယူနိုင်ပါတယ် 
Download>>>mirrorupload (or)zippyshare (or)sharebeast