February 28, 2013

iOS 6 မှ 6.1.2 ထိ Untethered Jailbreak ပြုလုပ်နည်း (Updated)


evasi0n  ဆိုတဲ့  Untethered Jailbreak Tool လေးကိုအသုံးပြုရမှာပါ။

iOS 6,6.0.1,6.1 တွေမှာပါအကုန်အလုပ်လုပ်ပါတယ် ကိုယ့်စက်ကအရင်ဆုံး 6,6.0.1,6.1 ပာုတ်မပာုတ်သိရအောင် Setting>General>About ကိုသွားကြည့်လိုက်ပါ
ပြီးရင်တော့ PC မှာ အောက်ကလင့်ခ်ကိုသွားပြီး Download လုပ်လိုက်ပါ
LINK   (ဥပမာ- ကိုယ့် computer က Window ဆိုရင် Window ကိုရွေးချယ်ပြီး Download လုပ်လိုက်ပါ)
ပြီးသွားရင် Zip File လေးရလာပါမယ် ဖြည်လိုက်ပါ
အဲဒီအခါကျရင်Evasi0n.exe လေးကို Run လိုက်ပါ။ Run ပြီးရင်တော့ မိမိ iDevice နဲ့ PC နဲ့ကိုUSB ကြိုးသုံးပြီးချိတ်လိုက်ပါ အဲဒီလိုချိတ်တဲ့အချိန်မှာ တခြား ရှိသမျှ USB ကြိုးလေးတွေဖြုတ်ထားပေးရပါမယ်။
ပြီးရင်တော့ Jailbreak ဆိုတာလေးကို 5 sec လောက်စောင့်ပြီးမှနှိပ်လိုက်ပါ
5 မိနစ်လောက်တော့ကြာပါတယ်မယ်ထပ်စောင့်နေလိုက်ပါ
အဲဒီအခါကျရင် မိမိ Device မှာ Evasion ပုံ Jailbreak ဆိုတဲ့ ICON လေးပေါ်လာပါလိမ့်မယ်
အဲဒီ ICON လေးကိုနှိပ်လိုက်ပါအဲဒီလိုနှိပ်လိုက်ပြီးရင်ဆိုရင်(တစ်ခါပဲနှိပ်ပါ) Black Screen ကြီ့းပေါ်လာပါလိမ့်မယ်ပြီးရင် အောက်ကပုံအတိုင်း ပေါ်လာပါမယ်
ခဏနေရင်တော့ Screen မှာ Cydia ဆိုတဲ့ ICON ကြီးကို အောက်တွေ့ရပါလိမ့်မယ်ခင်ဗျာ:)
မြန်မာစာထည့်သွင်းနည်း
Jailbreak လုပ်ပြီးပြီဆိုရင်တော့
  1. Cydia ထဲကိုဝင်ပါ
  2. iPhone/iPod မှာဆိုရင်တော့ Manage ကိုသွားပြီး Sources ထဲဝင်လိုက်ပါ  iPad မှာဆိုရင်တော့  Sources ထဲကိုဝင်လိုက်ပါ
  3. ပြီရင်တော့ Edit ကိုနှိပ်လိုက်ပါ
  4. ပြီးရင်တော့ Add ကိုနှိပ်လိုက်ပါ
  5.့ http://cydia.macforus.com ကို add  Sources လုပ်လိုက်ပါ
  6. ပြီးသွားရင် အဲ့ Source ထဲဝင်ပြီး Zawgyi font 4.3 ကို Install လုပ်ပြီး Respring လုပ်လိုက်ပါ။
  7. ပြီးရင်တော့ http://ttkz.me/apt ဆိုတဲ့ Source ကိုအပ်လိုက်ပါပြီးသွားရင် ttkeyboard ကို install လုပ်လိုက်ပါ။
  8. ပြီးသွားရင် Screen မှာ Myanmar Flag လေးနဲ့ Application လေးပေါ်နေမှာပါ။အဲဒီ Application ထဲကိုဝင်ပြီး Zawgyi keyboard ကို on လိုက်ပါ။ ဒါဆိုရင်တော့ပြီးသွားပါပြီ:)Smart Zawgyi ကိုသုံးချင်ရင် Smartzawgyi ကို on ပေးလိုက်ပါ
  9.  credit to  http://www.myanmarplay.com/    

Huawei ဖုန်းများ အတွက် Flashing Tool (Firmware တင်ခြင်း)


Huawei ဖုန်းများကို official တင်မယ်ဆိုရင် dload folder ကို sdcard ထဲထည့်ပြီး update လုပ်ရပါတယ်။ အခုပြောမယ့်နည်းကတော့ bootloader mod ခေါ်လို့ရတဲ့ ဖုန်းတွေအတွက် fastboot command ဖြင့် firmware တင်နည်းဖြစ်ပါတယ်။ ဒီနည်းဟာ dload ဖိုင်ဖြင့် တင်လို့မရတဲ့ ဖုန်းများနှင့် sd card slot ပျက်နေတဲ့ဖုန်းများကို ကယ်တင်ပေးမှာဖြစ်ပါတယ်။
ဒီနည်းမှာတော့ အပိုင်း၂ ပိုင်း ပါဝင်ပါတယ်။ တစ်ပိုင်းကတော့ dload folder ထဲက UPDATE.APP ကို ခွဲထုတ် ခြင်းနှင့် နောက်တစ်ပိုင်းကတော့ fastboot command ဖြင့် firmware တင်ခြင်း ဖြစ်ပါတယ်။

လိုအပ်သော ဖိုင်ကို ဒေါင်းပါ >> DOWNLOAD
password>>mrandroid
Tool ကို အသုံးပြုရန် ဒီsoftware ကို install လုပ်ထားရမည်။



- ဒေါင်း၍ ရလာသော HUAWEI Flashing.rar ကို ဖြေချလိုက်ပါ။
- မိမိတွင်ရှိသော dload folder ထဲမှ UPDATE.APP ကို ဖြေချထားသည့် folder ထဲတွင် ထည့်ပါ။
- Runme.exe ကို run လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။


- နံပါတ် ၁ ကတော့ UPDATE.APP ကို ခွဲထုတ်ခြင်းဖြစ်ပါတယ်။ ကိုယ်ခွဲချင်တဲ့ UPDATE.APP ကို ထည့်ပြီး ခွဲထုတ်နိုင်ပါတယ်။
- နံပါတ် ၂ ကတော့ fastboot command ဖြင့် firmware တင်ခြင်းဖြစ်ပါတယ်။ (ဖုန်းကို fastboot mod ၀င်၍ computer ဖြင့် ချိတ်ထားပါ)
- နံပါတ် ၃ ကတော့ ဖုန်းကို reboot လုပ်ရာတွင် သုံးနိုင်ပါတယ်။
- ထွက်ချင်ရင်တော့ e ကို နှိပ်ပြီးထွက်နိုင်ပါတယ်။

Huawei U8825D ကို Root လုပ်နည်း


Release Date: September, 2012
62.6x122.5x11.2mm, 140g, Google Android 4.0.4 , 32bit Qualcomm Snapdragon MSM8225, 1000MHz CPU, 512MiB RAM, 3814MiB ROM, 4" 480x800 LCD, 3.5mm audio jack, GSM900, GSM1800, GSM1900, UMTS2100 (B1), GPRS, EDGE, UMTS, HSDPA, HSUPA, microSD, microSDHC, TransFlash, micro-USB port, Bluetooth, WLAN, GPS, A-GPS, QuickGPS, Geotagging, FM radio, accelerometer, 5MP cam., AF, macro, flash, sec. camera, 1500mAh removable battery | 


             အခုပြောပြပေးမှာကတော့ Huawei U8825D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8825D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။
၁။ Bootloader unlock code တောင်းနည်း
-                   Bootloader unlock code တောင်းရန် Huawei official ဆိုက်သို့သွားပါ။





ွGmail ထဲသို့ unlock code ပို့ပေးပါလိမ့်မယ်။ unlock code ရပြီဆိုရင် bootloader unlock လုပ်လို့ရပါပြီ။

၂။ Bootloader unlock လုပ်နည်း
- Bootloader unlock လုပ်တာဟာ ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေပျက်သွားနိုင်သောကြောင့် contact/ SMS တွေကို back up ယူထားပါ။ 
- လိုအပ်သော U8825D driver နှင့် unlockbootloader ကိုဒေါင်းပါ။
- U8825 driverရဲ့ rar ဖိုင်ကို ဖြေပြီး computer ပေါ်တွင် install လုပ်ထားပါ။
- ဖုန်းကို setting/application/fast boot ကို off ထားပါ။ setting/security/unknown sources ကို အမှန်ခြစ်ထားပါ။ setting/ developer options/usb debugging ကို အမှန်ခြစ်ထားပါ။
- ဖုန်းကို ပိတ်ပြီး volume down + power ကို ၁၀ စက္ကန့်လောက်နှိပ်ပြီး fast boot mode ၀င်ပါ။
- ဖုန်းနှင့် computer ကို usb ကြိုးဖြင့် ချိတ်လိုက်ပါ။ 
- unlockbootloader ရဲ့ rar ဖိုင်ကိုလည်း ဖြေပြီး အထဲမှ U8825_unlockbootloader.exe ကို run လိုက်ပါ။

- email မှ ပို့ထားသော unlock code ကိုရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ဖုန်း reboot ကျသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ bootloader unlock လုပ်လို့ပြီးပါပြီ။

၃။ CWM recovery သွင်းနည်း
CWM recovery ကိုဒေါင်းပါ။
- ဖုန်းကို ပိတ်ပြီး volume down + power ကို ၁၀ စက္ကန့်လောက်နှိပ်ပြီး fast boot mode ၀င်ပါ။
- ဖုန်းနှင့် computer ကို usb ကြိုးဖြင့် ချိတ်လိုက်ပါ။ 
- CWM recovery ရဲ့ rar ဖိုင်ကို ဖြေပြီး အထဲမှ recovery6.0.1.2_AscendG330D.exe ကို နှိပ်လိုက်ပါ။ အောက်ပါပုံပေါ်လာပါလိ့မ်မယ်။

- Enter ၁ ချက်နှိပ်လိုက်ပါ။ အောက်ပါပုံ ကျလာပါလိမ့်မယ်။ 
- နံပါတ် ၁ ကိုရွေးပြီး enter ခေါက်ချလိုက်ပါ။ ဖုန်းဟာ reboot ကျသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ CWM recovery သွင်းလို့ ပြီးပါပြီ။

၎။ Root လုပ်နည်း
Root လုပ်ရန်လိုအပ်သော Root_U8825D.zip ကိုဒေါင်းပါ။
- ဒေါင်း၍ ရလာသော Root_U8825D.zip ဖိုင်ကို sd card ထဲထည့်ပါ။ 
- ဖုန်းကို volume up + power ကို ပြိုင်တူ ၁၀ စက္ကန့်လောက် နှိပ်၍ CWM recovery mode သို့ဝင်ပါ။
- ပြီးလျှင် install zip from sdcard > choose zip from sdcard > Root_U8825D.zip ကို update လုပ်ပါ။
- main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင်တော့ super su လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။
- super su မြင်ပေမယ့် Root Access မရသေးပါဘူး။ ဒီကောင် လေးကို ထပ်ပြီး install လုပ်လိုက်ပါ။ ဒါဆိုရင်တော့ U8825D ကို root လုပ်ချင်း ပြီးမြှောက်ပါပြီ။
အားလုံးအဆင်ပြေကြပါစေ...........

Huawei Ascend Y210 (Huawei U8685D)


Release:Date:November, 2012
Project:Codename:Huawei U8685D
Browse all devices under Huawei U8685D codename
Dimensions:62 x 117 x 12.6 millimetres
Mass:120 grams (battery included)

Software;Environment

Embedded-Operating+System:Google Android 2.3.6 
Browse devices running this OS

Microprocessor,:Chipset

CPU;Clock:800 MHz
CPU:Qualcomm MSM7227A 
Browse devices based on this microprocessor

Memory,;Storage-capacity

RAM_capacity:256 MiB
ROM_capacity:512 MiB

Display

Display-Type:Supported
Display;Diagonal:3.5 "
Display-Resolution:320 x 480

Sound

Microphone(s):stereo
Loudspeaker(s):mono
Audio:Output:3.5mm

Cellular:Phone

Cellular:Networks:GSM900, GSM1800, GSM1900, UMTS900 (B8), UMTS1900 (B2), UMTS2100 (B1)
Cellular+Data+Links:GPRS, EDGE, UMTS, HSDPA, HSUPA
Call:Alert:64 -chord melody
Vibrating+Alert:Supported
Speakerphone::Supported

Secondary;Cellular;Phone

Dual_Cellular-Network_Operation:Parallel operation
Secondary+Cellular_Networks:GSM900, GSM1800, GSM1900
Secondary+Cellular:Data+Links:GPRS, EDGE

Control:Peripherals

Positioning;Device:Multi-touch screen
Primary;Keyboard:Not supported
Directional:Pad:Not supported
Scroll-Wheel:Not supported

Interfaces

Expansion-Slots:microSD, microSDHC, TransFlash
USB:USB 2.0 client, 480Mbit/s
micro-USB
Bluetooth:Bluetooth 2.1 + EDR
Wireless-LAN:802.11b, 802.11g, 802.11n
Infrared:Gate:Not supported

Satellite_Navigation

Built-in+GPS_module:Supported
Complementary-GPS+Services:Assisted GPS, QuickGPS, Geotagging

Built-in-Digital_Camera

Main;Camera:1.9 MP
Autofocus_(AF):Supported
Optical;Zoom:1 x

Additional+Details

Built-in;accelerometer:Supported
Battery:removable
Battery:Capacity:1750 mAh

 အထက်ပါ ဖုန်းအား ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါသည်။

Trial Version Software တွေကို Full Version ဖြစ်အောင် Patch File အသုံးပြု၍ Install ပြုလုပ်နည်းနဲ့ ဖြေရှင်းနည်း



ကျွန်တော် ဒီ တစ်ခါပြောပြပေးမဲ့ Post လေးကတော့ ကျွန်တော်တို့ တစ်ခါတစ်ရံ ကိုယ်အသုံးလိုတဲ့ Software တွေကိုစိတ်ကြိုက် Download လုပ် Install လုပ်ကြပြီး ကိုယ့် ကွန်ပျူတာထဲမှာ ထည့်သွင်းအသုံးပြုကြတာပေါ့ဗျာ။ဒါပေမဲ့ တစ်ချို့ Software ထုတ်လုပ်လိုက်တဲ့ Company တွေက Freeware အနေနဲ့ အလကားအသုံးပြုခွင့်ပေးထားပြီး တစ်ချို့ Software တွေကျတော့ Trial Version အနေနဲ့ အသုံးပြုခွင့်ပေးထားပြီး ပိုက်ဆံပေးဝယ်ရတဲ့ ပုံစံမျိုးပေါ့ဗျာ။တခြား နိုင်ငံတွေ အနေနဲ့ အဲ့လို ၀ယ်ပြီး အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက်ကတော့ အဲ့လိုသာ သုံးနေရရင် အိမ်ပါပေါင်ရမလို ဖြစ်နေကြတယ်လေ။ဒါတွေ ထားပါတော့ဗျာ။ကျွန်တော် အခု ပြောချင်တာက Trial Version Software တွေကို Full Version ဖြစ်အောင်ဆိုပြီး  Patch File တို့ Crack File တို့ Key Gen တို့ Serial Number တို့ မျိုးစုံရှိကြပါတယ်။အဲ့ဒီ ထဲကမှ အခု ကျွန်တော် ရှင်းပြမှာကတော့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် ပြုလုပ်တဲ့ နည်းလေး ကျွန်တော် သိသလောက် အတက်နိုင်ဆုံး ရှင်းပြပါ့မယ်ဗျာ။Patch File တွေ Install လုပ်နည်းကတော့ Software တွေပေါ်မူတည်ပြီး တူချင်မှ တူပါလိမ့်မယ်။ဒါကိုတော့ ကျွန်တော်တို့က သချာင်္မှာလို ပုံသေနည်းအသေမမှတ်ပဲ မိမိ ဦးနှောက်ကို အသုံးပြုပြီး အခက်အခဲကို ဖြေရှင်းရမှာပေါ့ဗျာ။အခု ကျွန်တော် နမူနာ Software တစ်ခုဖြစ်တဲ့ CardRecovery ဆိုတဲ့ Software ကို Full Version ဖြစ်အောင် Patch File Install ပြုလုပ်ခြင်းကို ကျွန်တော် ဓာတ်ပုံတွေနဲ့ တကွ အသေးစိတ်ရှင်းပြပါ့မယ်ဗျာ။အခု ကျွန်တော် ရှင်းပြမဲ့ နည်းကတော့ လွယ်ကူလျင်မြန်ပြီး ဘယ် Software မျိုးလာလာ အဲ့ဒီ နည်းလမ်းလေးနဲ့ အသုံးပြုဖြေရှင်းနိုင်ပါတယ်ဗျာ။အခု ကျွန်တော်တို့က CardRecovery ဆိုတဲ့ Software ကိုအသုံးပြုဖို့ မိမိ ကွန်ပျူတာမှာ Install လုပ်ထားတယ်ဆိုပါစို့ ။Install လုပ်ပြီးတော့ Destop မှာ CardRecovery ဆိုတဲ့ Shortcut Icon လေးပေါ်နေမှာလိမ့်မယ်။အဲ့ဒီ Icon လေးကို ဖွင့်ပြီး ကျွန်တော်တို့က အသုံးပြုဖို့ စရတော့မယ်ပေါ့။သူ့မှာ ပေးထားတဲ့ Step အဆင့်အတိုင်း ကျွန်တော် က ကျွန်တော့ ကွန်ပျူတာရဲ့ Data ထဲကနေ ဖျက်ပြစ်မိတဲ့ ဓာတ်ပုံတွေကို Recovery ပြန်ယူတာပေါ့ဗျာ။အဲ့ဒီမှာ နောက်ဆုံးအဆင့်အနေနဲ့ Recovery လုပ်ထားတဲ့ Data တွေကို ပြန်ရယူပြီး Save မှတ်ပြီး သိမ်းထားမယ်ပေါ့ဗျာ။အဲ့ဒီမှာ ပြဿနာစတက်တာပါပဲ။အောက်က ပုံလေးအတိုင်း ကျွန်တော်တို့ကို Buy Now , Enter Key , Close ဆိုပြီး Box ကျလာပြီး ကျွန်တော့ကို ဒီ Software အသုံးပြုဖို့ ပိုက်ဆံပေးမလား။ဒါမှ မဟုတ် ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကိုထည့်သွင်းပြီး အသုံးပြုမလားပေါ့ဗျာ။ခက်တာက ကျွန်တော်က ပိုက်ဆံပေးဝယ်ထားတဲ့ Serial Key ကျွန်တော့မှာမှ မရှိတာဗျ။အဲ့ဒီတော့ ကျွန်တော်တို့တွေ Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Install လုပ်ပြီး Full Version ဖြစ်အောင် လုပ်မယ်ပေါ့ဗျာ။

Full Version မဖြစ်မိ Key တောင်းနေတဲ့ ပုံပေါ့။
အဲ့ဒီအခါ စိတ်မပူပါနဲ့။ကျွန်တော်တို့ ခုနက Destop မှာရှိနေတဲ့ CardRecovery ဆိုတဲ့ Shortcut Icon ကို Right Click နှိပ်လိုက်ပါ။ပေါ်လာတဲ့ စာကြောင်းတွေထဲကမှ Open File Location ဆိုတဲ့ စာတန်းလေးတွေကို  တွေ့အောင်ရှာ Click လိုက်ပါ။Windows XP မှာကျတော့ Properties ကိုသွားရမှာ ဖြစ်ပါတယ်။ပြီးရင် အဲ့ဒီမှာ Open File Target ဆိုတဲ့ ဖိုင်လေးကို ဖွင့်ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်ကတော့ Windows 7 မှာ အသုံးပြုထားတဲ့  အောက်က ဓာတ်ပုံ အတိုင်းပေါ့ဗျာ။

Open File Location ကိုရှာပြီး Click လိုက်ပါ။
ဒါဆိုရင် CardRecovery Software ရဲ့ File Extensions နေရာကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီ ပုံကတော့ ကျွန်တော်တို့ CardRecovery Software Download ဆွဲတုန်းက တစ်ခါတည်း ပါလာတဲ့ Patch File ကိုမထည့်ရသေးတဲ့ ပုံပေါ့ဗျာ။

Patch File မထည့်ရသေးတဲ့ ပုံ
အခု ကျွန်တော်တို့ လုပ်ရမှာက ခုနက CardRecovery File ကို Download ဆွဲတုန်းက ပါလာတဲ့ Patch File ကို Copy ကူးယူတဲ့ အဆင့်ပေါ့ဗျာ။အောက်က ပုံလေး အတိုင်း Copy ယူလိုက်ပေါ့ဗျာ။အမှန်ဆို ကျွန်တော် ဒီ အဆင့်ကို ချန်ထားခဲ့ချင်တာပါ။ဒါပေမဲ့ နားမလည်သေးတဲ့ သူတွေ ရှိနေသေးလို့ ကျွန်တော် အချိန်ကုန်ခံပြီး ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Patch File ကို Click တစ်ချက်ထောက် Right Click နှိပ်ပြီး Copy ကူးယူလိုက်ပါ။
ပြီးသွားရင် ခုနက ကျွန်တော်တို့ ဖွင့်ထားတဲ့ CardRecovery ရဲ့ File Extensions ကိုသွားပြီး Right Click နှိပ်ပြီး Paste ချလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

ခုနက Copy ကူးထားတဲ့ Patch File ကို CardRecovery ရဲ့ File Extensions ထဲသို့ Paste ကူးထည့်ပုံ
အခုဆိုရင် Software Download လုပ်တုန်းက ပါလာတဲ့ Patch File ကို Software File Extensions ထဲကိုလဲ ကူးထည့်ပြီးသွားပြီ ဆိုတော့ ကျွန်တော်တို့က Install လုပ်ဖို့ပဲ ကျန်တော့တာပေါ့နော်။အဲ့ဒီ Patch File လေးကို Click နှစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီမှာ Patch ဆိုတဲ့ Buttom လေးကို Click လိုက်ပေါ့ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Patch Buttom လေးကို Click ပြီး X ဖြင့်ထွက်လိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ ခုနက Trial Version ဖြစ်နေတဲ့ ပိုက်ဆံတောင်းနေတဲ့ Software ကို ပြန်ဖွင့်ကြည့်လိုက်ပါဦး။ခုနကလို Buy Now တို့ Enter Key တို့ ပေါ်မလာတော့ဘဲ Full Version အနေနဲ့အဆင်ပြေစွာ အသုံးပြုလို့ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။

Patch File Install ပြုလုပ်ခြင်း ပြီးဆုံးသွားတဲ့ Software တစ်ခုရဲ့ ဓာတ်ပုံလေးပါ။
ကဲ.....ဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ဘယ် Software ပဲလာလာ Full Version Software တွေထဲက Patch File သာ ပါလာခဲ့ပြီဆိုရင် ကျွန်တော် ရှင်းပြထားတဲ့ နည်းလေးအတိုင်းသာ Install လုပ်ပြီး အသုံးပြုကြပေတော့ဗျာ။အခု ကျွန်တော်ရှင်းပြတဲ့ နည်းကတော့ အလွယ်ဆုံးနဲ့ အရှင်းဆုံး Post ဖြစ်ပါလိမ့်မယ်ဗျာ။ဘာမှ အခက်တွေ့စရာမလိုအောင် ကျွန်တော်ရှင်းပြပေးထားပြီးပြီပဲလေနော်။
ကြိုးစားလျက်.....!

February 27, 2013

အင်တာနက် အသုံးပြုရန် အမြန်ဆုံး စွမ်းဆောင် ပေးနိုင်သော Huawei Ascend P2


ဟန်းဆက် လောကတွင် Sam-sung , Apple ကုမ္ပဏီများ ပြီးသည့်နောက် တတိယ လူကြိုက် အများဆုံး ဟန်းဆက် ကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံမှ HuaweiAscend P2 မိုဘိုင်းလ်ဖုန်း သစ်တစ်မျိုးအား ဖေဖော်ဝါရီ ၂၄ရက်က မိတ်ဆက် ပေးခဲ့သည်။ ယင်းဟန်းဆက် သစ်သည် ကမ္ဘာတွင် စွမ်းဆောင်ရည် အမြန်ဆုံး ပေးနိုင်သည့် ဖုန်းဖြစ်ကြောင်း Huawei ကုမ္ပဏီက အခိုင်အမာ ပြောကြားထားသည်။

ဟန်းဆက်၏ အထူမှာ ခဲတံတစ် ချောင်းထက်ပင် ပါးလွှာ၍ ၈ဒသမ၄ မီလီမီတာသာ ရှိကြောင်း၊ ထို့ပြင် download လုပ်နိုင်စွမ်း 150 Mbps ရှိသည့် အတွက်၂နာရီ ကြာသည့် ရုပ်ရှင် ဇာတ်ကားကို ၅မိနစ် တောင်မကြာဘဲ download လုပ်နိုင် သည့် အစွမ်းရှိသည်။ ၎င်း ဟန်းဆက်၏ အရွယ်အစားမှာ ၄ဒသမ၇ လက်မ ရှိပြီး ရုပ်ထွက် ကြည်လင် ပြတ်သားမှုရှိ သော high definition screen တပ်ဆင်ထားသည်။ Ascend P2 ဖုန်းတွင်1.5 GHz quad-core processor ပါရှိပြီး ကမ္ဘာပေါ်ရှိ လက်ရှိ အချိန်တွင် အဆင့် အမြင့်ဆုံး ဖြစ်သည့် စတုတ္ထ မျိုးဆက် မြန်နှုန်းမြင့် မိုဘိုင်းလ် ကွန်ရက်ကို အသုံးပြုနိုင် ပါသည်။

Huawei ပစ္စည်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၅ရက်က ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ညီလာခံတွင် စွမ်းဆောင်ရည် ကောင်းမွန်မှုကို ထုတ်ဖော်ပြသခဲ့သည်။

Ascend P2 ဟန်းဆက်အား ဇွန်လတွင် ပြင်သစ်၌ ဖြန့်ချိသွားမည် ဖြစ်ပြီး ၂ဝ၁၃ခုနှစ် ဒုတိယ လေးလပတ်တွင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားမည် ဟုသိရသည်။ ၎င်းဟန်းဆက်သည် HD ဇာတ်ကားများကို မိနစ်ပိုင်း အတွင်း download လုပ်နိုင်ပြီး အွန်လိုင်းမှ ဗီဒီယိုများ၊ web page များ၊ တေးသီချင်းများ နှင့် e-Book များကို မူစက္ကန့်ပိုင်း အတွင်း download လုပ်နိုင်စွမ်း ရှိသည်။

Huawei ဟန်းဆက်သစ်သည် လက်ရှိ ကမ္ဘာတွင် လူကြိုက်များ နေသော Apple အမျိုးအစား iPhone 5နှင့် Samsung ကုမ္ပဏီထုတ် Galaxy SIII တို့တွင် အသုံးပြုနေသည့် download လုပ်နိုင်စွမ်း 100Mbps ထက်ပင် ကျော် လွန်နေပါသည်။ Huawei ဟန်းဆက်သစ်တွင် 13 megapixel ကင်မရာ ပါရှိသည့် အတွက် ရုပ်ထွက် ကောင်းမွန်သည်ကို တွေ့ရသည်။ (Ref; 
http://www.myawady.net.mm/)
ယနေ့ကြွလာ မိတ်သဟာ ကျန်းမာကိုယ်စိတ်မြဲပါစေ။

ကျေးဇူးတင်လွှာ

JL Mobile ဆိုင်တွင်း

Huawei U8860

IPhone 5

IPhone 5


       မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ရဲ့  JL Mobile ဆိုင်ကို အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုမွကောင်းတောင်းပေးလိုက်ပါတယ်။ JL Mobile ဆိုင်တွင် လူကြီးမင်းတို့ စိတ်တိုင်းကျ ဖုန်းအမျိုးမျိုးအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ ဖုန်းလိုင်းကဒ်များ၊ ဖုန်းငွေဖြည့်ကဒ်များလည်း ရရှိနိုင်ပါတယ်။ Android Touch Screen ဖုန်းများအား Root  လုပ်ခြင်း၊ မြန်မာစာထည့်သွင်းခြင်း၊ app များထည့်သွင်းခြင်း၊ ဂိမ်းများထည့်သွင်းခြင်း၊ သီချင်း၊ ဗွီဒီယိုများ ထည့်သွင်းခြင်းများကို အထူးဈေးနှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။